အချစ်ကလှပတယ်ဆိုတဲ့ လူတွေကို တွေ့ရင် မေးပေးစမ်းပါ အချစ်ရဲ့ဘယ်အရာက လှပစေတာလဲလို့။
ဒီနေ့နဲဆို Bangkok ကနေ ထွက်လာကာ Taiwan မှာ အလုပ်ကိစ္စနဲ့ နေနေတဲ့ မိဘတွေဆီမှာ လာနေတာ ခြောက်လရှိပြီ။Bangkokကို မပြန်ပဲ Bangkok က ညီမဝမ်းကွဲ အကူအညီနဲ့ ကျောင်းခဏနားလိုက်တယ်တယ်။
ခြောက်လအတွင်း မနက်စာတစ်နေ့တစ်မျိုး မထပ်အောင် စားတာတောင် အခုထိ မနက်စာစားစရာအမျိုးအစားတွေ မကုန်သေးတာမို့ Taiwan မှာနေရတာ သူသဘောအရမ်းကျသည်။
သူ့စိတ်အခြေအနေရော အဆင်ပြေလား ဒီမေးခွန်းကတော့ သူမဖြေနိုင်သေး သူဟာ အခုထိ Bangkok မှာသုံးခဲ့တဲ့ ဖုန်းကို မဖွင့်နိုင်သေး။ဒီရောက်တော့ ဖုန်းပျက်နေပြီဆိုကာ အသစ်လဲခိုင်းလိုက်တာ။
သူဘယ်လိုများ အမှန်တရားကိုလက်ခံနိုင်မလဲ။သူဟာ Pond Naravit ကို တိတ်တိတ်လေး အရူးအမူးသဘောကျခဲ့တာလေ။အထက်တန်းထဲက သဘောကျလို့ ဒီလူရှိတဲ့ကျောင်းကို မရရအောင်လုပ်ခဲ့တာ။အခုလို သူခံစားနေရတဲ့အချိန်မှာ အဆင်ပြေနေတဲ့လူရဲ့ အကြောင်းတွေကို သူမကြည့်နိုင်သေးပါ။
ချစ်စရာကောင်းတဲ့ ကောင်လေးမို့ ချစ်တယ် ဟုဆိုတုံးကလဲ သူဟာ တကယ်ကြီး ပျော်ရွှင်ခဲ့တာ။တကယ်လဲလူတိုင်းကသတိပေးပြီးသား အမှတ်မရှိတာက သူသာ။
ဘာလို့ သူ့ကိုမှရွေးကစားတယ်လို့ သွားပြောရမလဲ။တကယ်က ဟိုက နဂိုထဲက ဒီပုံစံပဲလေ။သူ့ကြောင့်ပြောင်းလဲသွားမယ်ရော စိတ်ကူးယဉ်ခဲ့လားမေးရင် တစ်ခါတစ်လေပေါ့။
"Phuwin သား ဘာတွေးနေလဲ ဒီည Hot Potသွားစားမယ် Johnတို့ မိသားစုနဲ့"
"ဟုတ်"
Johnဆိုတာက ဖေဖေတို့နဲ့ စီးပွားဖက်ပါတနာ ရဲ့ သား။ဒီရောက်လာပြီး အများကြီး ကူညီသူပေါ့။
_____________
Hot Pot ဆိုင်ထဲမှာ Hot Pot စားနေတုံး တအုံးအုံးအသံများကြောင့် မော့ကြည့်မိတော့ လူငယ်အဖွဲ့ တစ်ခု ဖြစ်နေသည်။ပုံစံအမူအရာတွေကို လှမ်းကြည့်ချင်ပေမယ့် မျက်မှန်မပါ၊ မျက်ကပ်မှန်လဲဖြုတ်ထားတာမို့ အဝေးဆိုသူသိပ်မမြင်။

YOU ARE READING
Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
Fanficတစ်ဘဝမှာ တစ်ခါပဲချစ်ချင်ပြီး အကယ်၍များ နောက်တစ်ခါထပ်ချစ်ရမယ်ဆိုရင်လဲ Pond Naravit ကိုပဲ ထပ်ခါထပ်ခါ ချစ်ချင်မိသည်။