chapter (3)

833 68 14
                                    

မျက်လုံးထဲမျက်ရည်အပြည့်နဲ့ ပြန်အော်နေတဲ့ ကောင်လေးဟာ သူအရမ်းလွမ်းနေရတဲ့ သူ့ကောင်လေးပါလို့ အော်ပြောလိုက်ချင်သည်။

"Phuwin ကိုယ်မင်းကိုပဲချစ်တယ် အာ့တုံးက အရင်ဇယားတွေက အတင်းလာကပ်တာ ကိုယ်ဘယ်သူနဲ့မှပြန်မတွဲသလို မင်းနဲ့တွဲတဲ့ ကာလတစ်လျှောက်လုံး စိတ်ကူးနဲ့တောင် မင်းကို မဖောက်ပြန်ဖူးဘူး"

"- - -"

"ကိုယ်ရှင်းပြတာ ခဏနားထောင်ပေးနော် ‌နော်လို့" သူ့စကားကို နာခံပြီး ခေါင်းညှိတ်ပြတဲ့ကောင်လေးဟာ သူ့ကို အရင်လို သူ့ကိုမချစ်တော့ဘူးလို့ ဘာလို့ခံစားနေရတာလဲ။သူတို့ကြားက အထင်လွဲမှုကရော အမြန်ဖြေရှင်းနိုင်ပါ့မလား။

သူ့ရဲ့စိတ်ထဲ သံသယအပြည့်နဲ့ သက်ပြင်းရှည် တစ်ချက်ချကာ ကောင်လေးမျက်နာပေါ်က မျက်ရည်တွေကို တယုတယသုတ်ပြီး

"ကိုယ့်ကို မင်းတွဲမြင်ပြီး လူတွေပြောကြသလို ရည်းစားဟောင်းတွေနဲ့ ပြန်တွဲတာတွေ တခြားလူတွေပြောသလို ကိုယ်ဟာ ကောင်မလေးအသစ်တွေပါ ထားတာတွေ လုံးဝမဟုတ်ဘူး"

လေပူတချို့မှုတ်ထုတ်၍ သူပြောတာနားထောင်နေသေးလား ကြည့်တော့ နားထောင်သေးတာမို့

"သူတို့က တစ်ချိန်လုံးအတင်းတွေ ပြန်ကပ်တာ ကိုယ်မသိခဲ့ဘူး စကားတွေချဲ့ကားပြီးပြောကြမယ်လို့ ကိုယ်ဝန်ခံပါတယ် သူတို့လာကပ်တော့ ကိုယ်မငြင်းခဲ့ဘူး ဒါပေမယ့် ကိုယ်သူတို့အပေါ်စိတ်ယိုင်တာမျိုး မဟုတ်ဘူးနော် ကိုယ် အချစ်ကိုပဲ တကယ် စိတ်ထဲရှိတာ ပြီးတော့ ထုတ်မမေးပဲ သဝန်တိုတဲ့ မင်းပုံစံက ချစ်ဖို့အရမ်းကောင်းတယ်  Dunkနဲ့ တခြားလူတွေက ကိုယ့်ကို အမြန်ဖြေရှင်းဖို့ ပြောပေမယ့် မင်းရဲ့ ချစ်စရာကောင်းတာလေးကြောင့် ကိုယ်မပြောခဲ့တာ"

နားထောင်နေပေမယ့် မယုံနိုင်သေးတဲ့မျက်ဝန်းတွေနဲ့ ကောင်လေးဟာ ဘာမှတော့မပြော

"မင်း ဖုန်းဆက်တော့ကိုင်တာ ကိုယ့်သူငယ်ချင်းပါ One&only Phuဆိုတဲ့ contact မြင်တော့ စမယ်ဆိုပြီး  ကိုယ်နေရာမှာမရှိတုံးလေး သူယူကိုင်လိုက်တာတဲ့ ကိုယ်အဲ့ဒါတွေက မင်း ကိုယ့်ဆီ လမ်းခွဲမယ် စာပို့ပြီးမှ သိရတဲ့ ကိစ္စတွေပါ ဒါပေမယ့် ကိုယ်မင်းဆီကို အဲ့နေ့ညက တစ်ညလုံးဖုန်းခေါ်နေခဲ့တာ မင်း အထင်လွဲသွားတာမသိဘဲနဲ့လေ"

 Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now