| နိဒါန်း |
‘အသက် ၃၀ ပြည့်နှစ်အတွက် ဂုဏ်ပြုပါတယ် ရောင်ခြည်’
တစ်တိုင်တည်း ထွန်းညှိ့ထားတဲ့ မွေးနေ့ကိတ် အဝိုင်းလေးကို မီးမှုတ်လိုက်ရင်း အမျိုးသားငယ်ဟာ တီးတိုး ရေရွတ်လိုက်၏။
ကုလားကာဖြူတွေ လွင့်စင်ပြီး နေရောင်ခြည်တွေ ထိုးဖောက်နေတဲ့ အိမ်ကလေးဟာ တစ်စုံတစ်ယောက်ရဲ့ မွေးနေ့ကို ကျင်းပဖို့အတွက် အရမ်းကိုမှ တိတ်ဆိတ်နေလွန်းသည်။
‘ငါလေ... မင်းကို သိပ်သတိရတာပဲ ရောင်ခြည်ရယ်’
ရောင်ခြည်ဟာ လူမိုက်ကလေး။ တစ်ခါတစ်လေတော့ လိမ္မာတယ်။ စကားနားမထောင်တဲ့ အချိန်တွေ များပေမဲ့၊ စကားနားထောင်တဲ့ အခါမျိုးဆို သူ့လုပ်ရပ်ကို အပီပြင်ဆုံး သက်သေပြတတ်တယ်။
ရောင်ခြည်ဟာ ပျော်တတ်တယ်။ အဖော်မက်တယ်။ အဆိုးဆုံး အခြေနေတွေမှာတောင် ပျော်စရာကို ရှာကြံတတ်တယ်။
တစ်ကောင်ကြွက်လေး ရောင်ခြည်ဟာ ချစ်ခြင်းမေတ္တာကို မက်မောတယ်။
ရောင်ခြည်က လိပ်ပြာလေးနဲ့တူတယ်။ အရောင်အသွေးစုံတယ်။ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ လှပတယ်။ ရူးမိုက်တယ်။
တစ်ခါတစ်လေကျရင် အိမ်ပြန်လမ်းတွေ မသိလောက်တော့အောင် အဝေးကြီးကို ပျံသန်းသွားတတ်ပါသေးတယ်...။
・*~♡°•~𐀔~•°♡~*・
Sincerely,
Navile Enchanter Blue𐀔
_____________________________________________| နိဒါန္း |
‘အသက္ ၃၀ ျပည့္ႏွစ္အတြက္ ဂုဏ္ျပဳပါတယ္ ေရာင္ျခည္’
တစ္တိုင္တည္း ထြန္းညွိ့ထားတဲ့ ေမြးေန႕ကိတ္ အဝိုင္းေလးကို မီးမႈတ္လိုက္ရင္း အမ်ိဳးသားငယ္ဟာ တီးတိုး ေရ႐ြတ္လိုက္၏။
ကုလားကာျဖဴေတြ လြင့္စင္ၿပီး ေနေရာင္ျခည္ေတြ ထိုးေဖာက္ေနတဲ့ အိမ္ကေလးဟာ တစ္စုံတစ္ေယာက္ရဲ႕ ေမြးေန႕ကို က်င္းပဖို႔အတြက္ အရမ္းကိုမွ တိတ္ဆိတ္ေနလြန္းသည္။
‘ငါေလ... မင္းကို သိပ္သတိရတာပဲ ေရာင္ျခည္ရယ္’
ေရာင္ျခည္ဟာ လူမိုက္ကေလး။ တစ္ခါတစ္ေလေတာ့ လိမၼာတယ္။ စကားနားမေထာင္တဲ့ အခ်ိန္ေတြ မ်ားေပမဲ့၊ စကားနားေထာင္တဲ့ အခါမ်ိဳးဆို သူ႕လုပ္ရပ္ကို အပီျပင္ဆုံး သက္ေသျပတတ္တယ္။
ေရာင္ျခည္ဟာ ေပ်ာ္တတ္တယ္။ အေဖာ္မက္တယ္။ အဆိုးဆုံး အေျခေနေတြမွာေတာင္ ေပ်ာ္စရာကို ရွာႀကံတတ္တယ္။
တစ္ေကာင္ႂကြက္ေလး ေရာင္ျခည္ဟာ ခ်စ္ျခင္းေမတၱာကို မက္ေမာတယ္။
ေရာင္ျခည္က လိပ္ျပာေလးနဲ႕တူတယ္။ အေရာင္အေသြးစုံတယ္။ လြတ္လပ္တယ္။ ေပါ့ပါးတယ္။ လွပတယ္။ ႐ူးမိုက္တယ္။
တစ္ခါတစ္ေလက်ရင္ အိမ္ျပန္လမ္းေတြ မသိေလာက္ေတာ့ေအာင္ အေဝးႀကီးကို ပ်ံသန္းသြားတတ္ပါေသးတယ္...။
・*~♡°•~𐀔~•°♡~*・
Sincerely,
Navile Enchanter Blue𐀔