1

913 102 8
                                    

ကုန်တိုက်ထဲသို့ စွပ်ကျယ်အကျီအမဲရောင်ကိုဝတ်ဆင်ထားတာကြောင့် လက်မောင်းက Tattoo တွေကအထင်းသား.cargo ဘောင်းဘီအရှည်ပွပွကိုချက်ပြုတ်ဝတ်လို့ နားမှာလည်း earphone ကိုတက်ကာ ကျောပို့အိတ်ကိုဘေးတစောင်းလွယ်လို့ ပါးစပ်ကလည်းပီးကယ်ကိုဝါးက ဘူဖောင်းမှုတ်လို့ ဝင်လာတဲ့ကောင်လေးတယောက်..

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး ဒီဇိုင်းနာချုပ် Brand အကျီဆိုင်တဆိုင်ရှေ့သို့ရပ်ကာ ဆိုင်နာမည်ကိုတချက်မော့ကြည့်ကာ ဆိုင်အတွင်းသို့ဝင်လာခဲ့သည်..

ဆိုင်ထဲရဲ့ ဧည့်သည်ထိုင်တဲ့ဆိုဖာမှာထိုင်ကာ လွယ်ထားတဲ့ကျောပိုးအိတ်ကိုဗုတ်ခနဲ ပြစ်ချလိုက်ကာ ခြေထောက်ကိုချိတ်ထိုင်လိုက်ရင်း အနောက်သို့မှီလိုက်ပြီး ချိတ်ထားတဲ့ခြေထောက်ကိုနှံ့ကာ..

" ငါ့ကိုဒီဆိုင်ရဲ့စျေးအကြီးဆုံး suit ကိုပြပေး "

သူရဲ့ပုံစံကြောင့် အရောင်းဝန်ထမ်းအမျိုးသမီးနှစ်ယောက်ကမတူသလိုမတန်သလိုနှာခေါင်းရှုံ့ကာ အဲ့ထဲကမှ နည်းနည်းကြီးတဲ့ဝန်ထမ်းအမျိုးသမီးက ရှေ့သို့တိုးလာကာ..

" ဒီဆိုင်မှာ ရှင်နဲ့တန်တဲ့အဝတ်အစားမရှိလောက်ဘူးထင်တယ် "

မျက်နှာထိမျက်နှာထားပြောလိုက်တဲ့ အရောင်းဝန်ထမ်းကြောင့် ပါးဇောင်ကိုလျှာဖြင့်ထိုးကာ ထိုင်နေရာကနေထလိုက်ပြီး ထိုအရောင်းဝန်ထမ်းအမျိုးသမီးနားသွားကာ အဝေးကအရုပ်တရုပ်မှာဝတ်လို့ထားတဲ့အကျီကိုလက်ညိုးထိုးလို့..

" ငါ့ကို အဲ့အကျီအခုချက်ချင်း ချွတ်ပေးစမ်း "

" အဲ့အကျီက စျေးကြီးတယ် "

သူ့တို့ကိုလာရှုပ်နေတယ် အထင်နဲ့ ဆိုင်ရဲ့အလန်းကနေလုံခြုံရေးကိုအချက်ပေးကာလှမ်းခေါ်လိုက်တဲ့အခြား အရောင်းဝန်ထမ်းအမျိုးသမီး ကြောင့် လုံခြုံရေးသုံးယောက်ဆိုင်တွင်းသို့ရောက်လာကြသည်

" ဒီမှာငါ့ညီ အခုလိုမျိုး အများပြည်သူတွေရှိနေတဲ့နေရာမှာခုလိုလာနှောက်ယှက်နေတာအဆင်မပြေဘူးထင်ပါတယ် အေးအေးဆေးဆေးလေးထွက်သွားပေးလို့ရမလား "

AFTERWhere stories live. Discover now