27

4K 158 10
                                        

" ဥက္ကဌကြီး CEO Kim သတိရလာပါပြီတဲ့ "

"တောက်!!! မင်းကခုချိန်ထိသက်ဆိုးရှည်နေသေးတယ်ပေါ့ သက်တော်စောင့်လီ ငါပြောထားတဲ့အတိုင်းလှုပ်ရှားလိုက် "

" ဟုတ်ကဲ့ ဥက္ကဌကြီး "

အားးးးးးဒုန်းးး

ဥက္ကဌKim မှာ သူဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာတော့ စားပွဲကိုလက်သီးနဲ့ထိုးကာ ထိုင်ခုံကိုဆွဲလှန်လိုက်တော့သည်

" ယောကျား အောင်မလေး အခန်းတခုလုံးဘယ်လိုဖြစ်နေရတာလည်း "

" အဲ့တာမင်းမွေးထားတဲ့မင်းသားကြောင့်ပေါ့!!!"

" အဲ့တာရှင့်သွေးအပြည့်ပါတာလေ တော်ရုံနဲ့မပြိုလဲဘူး အကြောကခက်တင်းတင်း ရှင်က ရှင့်သားကိုအထင်သေးတာကို သူ့ရဲ့ပျော့ကွက်ကိုရှာလေ သူ့ရဲ့ပျော့ကွက်ကဘာလည်း Jeon Jungkook ဆိုတာရှင်မသိဘူးလား သူသိပ်ကြောက်တဲ့ရှင့်ကိုတောင်အာခံရဲတာ ဘယ်သူ့ကြောင့်ထင်နေလို့လည်း အချစ်ကြောင့် ချစ်မေတ္တာငတ်နေတဲ့ရှင့်သားက ဟိုကောင်ရဲ့အချစ်ကိုရနေလို့ ဒီလောက်ထိအကြောတင်းနေတာ "

" မိန်းမတွေက ကောက်ကျစ်တဲ့နေရာဆိုတော်တော်အသုံးဝင်တယ်နော် "

" ကောက်ကျစ်တယ်တဲ့ ကျုပ်သားပါနော် ဒါပေမယ့် သွေးကမစစ်ဘူးဖြစ်နေတယ် အချစ်နဲ့တွေ့ရင် နွားလုံးလုံးပဲ အရေးမပါတဲ့အချစ်ကို အရေးကြီးခွင့်ကျယ်လုပ်နေတယ် တော်လည်းသေချာလုပ် ဒီတခါသာဆို ဟိုကောင်က ရှင့်ခေါင်းကိုတက်ဖျတ်လိမ့်မယ် "

" တောက်!!! ဒီမိန်းမတော့ "
.....
လူနာကုတင်ပေါ် လန့်ပြီးနိုးလို့လာတဲ့ Kim..အနားမှာ Kim ရဲ့လက်ကလေးကိုကိုင်ကာထိုင်စောင့်နေတဲ့ Jeon တောင်လန့်သွားသည်..

" ကိုကို ကိုကို သတိရပြီ "

သတိသာရလာတာလူတကိုယ်လုံးကကြောက်လို့တုန်နေသလို ချက်ချင်းပဲချွေးစေးတွေပါထွက်လာကာ ချောင်းကလည်းတဟွတ်ဟွတ်နဲ့ဆိုးနေသည်..

" ကိုကို "

" ကောင်လေး ဟင့် "

Jeon ဟာ လဲနေတဲ့ Kim ရဲ့ကိုယ်လုံးလေးဖက်ထားလိုက်တော့ သူ့ကိုလည်းတင်းကြပ်နေအောင်ပြန်ဖက်လာတဲ့ Kim..

AFTER (Complete) Where stories live. Discover now