မနက်အိပ်ယာမနိုးခင် အိပ်ယာဘေးခုံပေါ်ကဖုန်းမြည်လာတာကြောင့် Jeon နိုးမှာဆိုးတာနဲ့မြန်မြန်ကောက်ကိုင်လိုက်ပြီး အခန်းရှေ့ဝရံတာကိုထွက်ကာဖုန်းဖြေလိုက်သည်.
# အင်း Kyungso ပြော
# Taehyung ညနေငါတို့တွေ့ကြမလား
# ညနေ ဘာကိစ္စရှိလို့လည်း
# မဟုတ်ဘူး ဒီတိုင်း တခုခုစားပြီးသောက်ကြမလားလို့ ဟိုနှစ်ကောင်လည်းပါတယ် သူတို့ကလည်းမင်းကိုတွေ့ချင်နေကြတာ အဆင်ပြေမလား
ထိုအချိန်အိပ်ယာကနေနိုးလာပြီး ဘေးမှာသူ့ကိုကိုမရှိတာနဲ့ အိပ်ယာကနေငေါက်ခနဲထကာ ဟိုဒီကြည့်တော့ ဝရံတာမှာစကားပြောသံကြားရတညနဲ့ ကုတင်ပေါ်ကနေဆင်းကာ Kim ရှိရာဝရံတာစီသွားလို့ အနောက်ကနေခါးလေးကိုဖက်လိုက်ပြီး ပါးပြင်ကို အနမ်းလေးပေးလိုက်သည်..
" ပြွတ် morning ကိုကို "
# Taehyung အဆင်ပြေလား
# ခဏနော် Kaungso ငါ့အမျိုးသားကိုမေးကြည့်လိုက်အုံးမယ်
Kim တယောက် ဖုန်းလေးကိုလက်ဖြင့်အုပ်လိုက်ပြီး Jeon ဘက်လှည့်လိုက်တော့ မျက်နှာခြင်းဆိုင်အနေအထားမှာ Jeon က Kim ရဲ့ခါးလေးကိုဖက်ထားပြန်သည်..
" ဘာလည်းကိုကို "
" ညနေ ကိုကို သူငယ်ချင်းက ဟိုတနေ့က ကူညီထားတဲ့ကိစ္စနဲ့ တခုခုဝယ်ကျွေးချင်လို့ အဲ့တာသွားရမလားလို့ ကောင်လေးကိုမေးတာ "
" ဘာလို့ကျွန်တော်ကိုမေးတာလည်း ကိုကိုက ကျွန်တော်ထက်အကြီးလေ ပြီးတော့ ကျွန်တော်က အဲ့လောက်ထိ ကိုကို လွတ်လပ်ခွင့်ကိုမပိတ်ပင်ပါဘူး ကိုကိုသဘောပါ "
" ကောင်လေးက ကိုကို ရဲ့အိမ်ထောင်ဦးစီလေ အဲ့တော့... "
" ရပြီ အဲ့တခွန်းနဲ့တင်လုံလောက်ပြီ အရမ်းချစ်တာပဲကိုကိုရာ သွားဟုတ်ပြီလား ဒါပေမယ့် ပြန်ရင်တော့ မောင်လာကြိုမယ် အဲ့ကအပြန်တနေရာရာသွားကြမလား "
" အင်း ကောင်လေးသဘော ဒါဆို ကိုကို အသွားကို Taxi နဲ့ပဲသွားလိုက်မယ် ခဏနော် "
ဖုန်းပြောရင်း အမျိုးသားကိုမေးလိုက်အုံးမယ်က ကြာလိုက်တာမှ တဖက်က Kyungso မှာ ဖုန်းနားထောင်နေရင်းမေ့တောင်မေ့တော့မလို..
