25

4K 144 7
                                        

ဒီနေ့ သူတို့ရဲ့ တနှစ်ပြည့်ကို အစကသူမေ့နေတာနဲ့ဘာမှမစီစဥ်ရသေး..ခုတော့ တခုခုလုပ်ဖို့အပြင်ထွက်လာရင်းစဥ်းစားလာတာ အကြံရပြီဖြစ်တာကြောင့် ကုန်တိုက်ထဲရောက်တော့ Kim ကိုခဏလောက်ထိုင်ခိုင်းထားကာ အတွင်းရေးမှုးစီဖုန်းဆက်နေတဲ့ Jeon..

# အတွင်းရေးမှူးလီ ပိတ်ရက်ကြီးကိုအားနာပေမယ့် ကျွန်တော်ကိုတခုလောက်စီစဥ်ပေးလို့ရမလား

# ရပါတယ် သူဌေး ပြောပါကျွန်တော်ဘာလုပ်ပေးရမလည်း ခင်ဗျ

# ကျွန်တော်ကိုလေ Wings Restaurant မှာ သီးသန့်ခန်းငှားပေးထားပါ ပြီးတော့ အဖြူရောင်ကျူးလစ်ပန်းစီးရယ် အလှဆုံးပြင်ပေးထားပေး ဒီနေ့ ကျွန်တော်တို့မဂ်လာတနှစ်ပြည့်

# ဟုတ်ကဲ့ သူဌေးဖြစ်စေရပါမယ်

ဖုန်းပြောရင်းလှမ်းကြည့်လိုက်တော့ ထိုင်တဲ့နေရာလေးမှာထိုင်ရင်း စီးထားတဲ့ဖိနပ်လေးကိုချွတ်ကာ ကြမ်းပြင်ပေါ်ကိုခြေဖဝါးလေးချလို့ထားတဲ့ Kim.
ခြေထောက်အေးနေတာကိုသဘောကျလို့ထင်ပါရဲ့ ပြုံးနေတာကိုလည်းမြင်ရသည်. Jeon က Kim ကိုလှမ်းကြည့်ပြီး သူ့အနီးအနားမှာရှိတဲ့ louis vuitton ဆိုင်ထဲသို့ ဝင်ကာ waterfront mule ဖိနပ်ကိုတရံသွားဝယ်လိုက်ပြီး Kim စီပြန်လာတော့ Kim ကသူချွတ်ထားတဲ့ဖိနပ်လေးကိုစီးကာ သွားဖို့လုပ်ချိန် Kim ရဲ့ရှေ့ဒူးထောက်ထိုင်လိုက်တဲ့ Jeon..

" ကောင်လေး "

" မစီးနဲ့ အဲ့ဖိနပ်တွေစီးရတာမကြိုက်ဘူးမဟုတ်လား"

" ဟင့်အင်း အဖေက....."

" ဘာဖြစ်လို့လည်း ကိုကို "

" ဟင့်အင်း ဘာမှမဖြစ်ပါဘူး "

Kim ရဲ့ခြေထောက်လေးကိုကိုင်ကာ စီးထားတဲ့ဖိနပ်ကိုချွတ်ပြီး ခုဏဝယ်တာတဲ့ ဖိနပ်ကိုစီးပေးနေရင်း

" ကိုကို့ အဖေရိုက်မှာဆိုးလို့လား သူရိုက်လို့မရတော့ဘူးလေ ခုကိုကို့ အနားမှာ မောင်ရှိတယ် ကိုကို့ စိတ် ကြိုက် ကြိုက်တာလုပ်လို့ရတယ် ဟုတ်ပြီလား ဘယ်လိုလည်းထ လမ်းလျှောက်ကြည့် သက်သောင့်သက်သာရှိရဲ့လား "

" အရမ်းကိုပေါ့ပါးပြီးလွတ်လပ်နေတာပဲ.. မောင်"

" အင်းပြောလေကိုကို "

AFTER (Complete) Where stories live. Discover now