26

3.5K 162 6
                                        

* လူကြီးမင်ခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင် *

ဆိုင်ထဲကနေကားပါကင်ရှိရာသို့ပြေးထွက်လာတော့ လမ်းမပေါ်ကြနေတဲ့ Kim ရဲ့ ဖုန်းလေးက ကားတက်ကြိတ်ခြင်းခံထားရတာကြောင့် ကြေမွပျက်စီးလို့နေသည်..

လမ်းမပေါ်က Kim ရဲ့ ဖုန်းလေးကိုကောက်ယူကာ အနီးအနားပြေးကာကြည့်တော့ မည့်သည့်အရိပ်အ ယောင်မှမတွေ့တော့ ဖုန်းကိုထုတ်လိုက်ကာ Hoseok Hyung စီသို့ဆက်သွယ်လိုက်သည်..

# Jungkook ပြော

# Hyung ကိုကို ကိုကို

# Taehyung ဘာဖြစ်လို့လည်း

# ကိုကို ဖမ်းခံလိုက်ရတယ်

# ဘာ!

.....

ခေါင်းကိုရိုက်ခံထားရတာကြောင့် ခေါင်းထဲကနေသွေးတို့ဟာ မျက်နှာပေါ်သို့ပါစီးကျလို့နေသည်.. လက်နှစ်ဖက်ကိုဘေးကလူနှစ်ယောက်ကချုပ်ကိုင်ထားကာ အလယ်မှာထိုင်နေတဲ့ Kim မှာ မျက်လုံးတွေဝေဝါးလို့ ဘာမှသေချာမမြင်ရ..

တော်တော်ကြာကြာမှာ သူ့ကိုထပ်မှန်ကားပေါ်ကနေဆွဲချသွားကာ ကြီးမားတဲ့ဂိုထောင်ကြီးတခုစီသို့ အထဲရောက်တော့ စောင့်တွန်းချလိုက်တာတော့ ကြမ်းပြင်ပေါ်သို့ပုံလျက်သားလဲကျသွားတော့သည်..သူရဲ့ရှေ့ မြင်လိုက်ရတဲ့ ခြေထောက်တစုံ အားယူကာ မော့ကြည့်မိတော့ အံ့သြမှုတွေထိန်းမရ ထိုသူက သူ၏အဖေတဲ့..

" အဖေ "

" အဲ့ကောင်ကိုဆွဲထူပြီး ထိုင်ခိုင်းထားစမ်း "

အဖေဖြစ်သူရဲ့အမိန့်စကားကြောင့် သူ့နားလူတယောက်ရောက်လာကာသူ့ကိုဆွဲထူပြီး ဒူးထောက်ထိုင်​ခိုင်းသည်..

" အဖေ "

" အဖေဟုတ်လား မင်းကိုယ်တိုင် ငါ့သားမဟုတ်တော့ဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား Kim Taehyung ခုမှဘာအဖေလည်း "

ဖြန်း

" အ့ "

" ငါလျှောက်နေတဲ့ လမ်းမှာလာပိတ်လို့ကတော့ ဘယ်သူဖြစ်ဖြစ် ငါကရှင်းပြစ်မှာပဲ "

" အဖေ သားတောင်းပန်ပါတယ် "

" ဘာမှလာမတောင်းပန်နဲ့ Kim Taehyung မင်းက ငါဖောက်ပေးတဲ့လမ်းကိုလျှောက်နေပြီး ငါ့ကိုအာခံတာလေ ငါ့ကိုအာခံလာရင် ဘယ်လိုပေးဆက်ရသလည်းဆိုတာပြရမှာပေါ့ "

AFTER (Complete) Where stories live. Discover now