32

4.5K 145 5
                                        

ရက်ပိုင်းတွင်းထူထူထောင်ထောင်ပြန်ဖြစ်လာပေမယ့် ဆေးရုံတော့ဆင်းမရသေး.. လူနာကုတင်ပေါ် သားငယ်လေးကိုချီကာ ချော့မြူရင်း ထိုင်နေတဲ့ Kim..Jeon ကတော့ Kim စားရန်အသီးကိုလှီးကာဘေးမှာထိုင်နေသည်..

" မောင် "

" ပြောလေ ကိုကို "

" ဒီကြားထဲ..ကိုကိုစီ အဖေတို့.. လာသေးလား"

Kim ဟာ ဒီဖြစ်ပျက်တွေက အဖေလုပ်မှန်းသိနေတာတောင် အဖေစီကမေတ္တာကိုယ်ခုထိလိုချင်နေတုန်း သူနေမကောင်းလို့များအဖေလာကြည့်သေးလားဆိုတာကိုလည်းမျှော်လင့်နေမိတုန်း

" ကိုကိုဆေးရုံဆင်းရင် မောင်ပြောပြစရာရှိတယ် "

" လာမကြည့်ဘူးမဟုတ်လား ရပါတယ်ကိုကိုသိပါတယ် "

" မဟုတ်ဘူး အခြားရှိသေးတယ် "

" ဘာကိုလည်း ဒီကြားထဲ အဖေက အဖေက မောင့်ကိုဘာလုပ်သေးလို့လည်း မောင်ဘာဖြစ်ခဲ့သေးလည်း ကိုကို သတိမရတုန်းမောင်တခုခုဖြစ်သေးလား ဟမ် "

" မောင်ဘာမှမဖြစ်ပါဘူး "

" ဒါဆိုဘာလည်း မောင် "

" ကိုကိုနေကောင်းရင်ပြောပြမယ် "

" ခုပြောပြလို့မရဘူးလားမောင် "

" မောင့်စကားကိုနားထောင်ပါနော်ကိုကို ဆေးရုံဆင်းရင်မောင်ပြောပြပါ့မယ် "

ဘယ်လိုမေးမေးပြောပြမှာမဟုတ်တဲ့ Jeon ကြောင့်နေပြန်ကောင်းလာမယ့်နေကိုပဲမျှော်နေရတော့သည်..

....

ဒီနေ့ကျန်းမာရေးအခြေအနေပုံမြန်ပြန်ဖြစ်လာတာကြောင့်သူဆေးရုံဆင်းခွင့်ရခဲ့ပြီ နှစ်နှစ်ဆိုတဲ့အချိန်ကာလ က သတိမေ့နေတဲ့ သူ့အတွက်တော့ခဏလေးလိုဆိုပေမယ့် မျှော်နေရတဲ့ Jeon အတွက်ကတော့ တော်တော်လေးကြာသည်.

သားငယ်လေးကို လှည်းထဲထည့်ထားကာ ဧည့်ခန်းမှာချိတ်လို့ထားတဲ့ သူတို့နှစ်ယောက်ရဲ့ မဂ်လာဓာတ်ပုံရှေ့မက်တပ်ရပ်လို့ ကြည့်နေတဲ့ Kim... အနောက်ကနေခါးလေးကိုသိုင်းဖက်ထားတဲ့ Jeon..

" အဲ့ဒီနေ့က အားလုံးဆုံးရှုံးလိုက်ရပြီထင်ခဲ့တာ ကျေးဇူးပါမောင် အနားမှာအချိန်တိုင်းရှိနေပေးခဲ့လို့ ကိုကိုရဲ့ ခိုလှုံရာ မင်းရင်ခွင်ကခုထိနွေးထွေးနေသေးလို့ ကျေးဇူးပါမောင် "

AFTER (Complete) Where stories live. Discover now