30

3.8K 140 4
                                        

ဆေးရုံကုတင်ပေါ် ဆေးပိုက်ပေါင်းများစွာထိုးသွင်းခံထားရတဲ့နာကျင်မှုကိုတောင်မခံစားနိုင်တော့လောက်အောင် ကိုမာဆိုတဲ့ ဦးနှောက်သေရောဂါကိုခံစားနေရတဲ့ Kim..

အဆိုးထဲကအကောင်းလို့ပဲပြောရလေမလား ကိုမာဖြစ်နေတာကြောင့် ကံကောင်းထောက်မစွာပဲ ဗိုက်ထဲက ကလေးလေးက ထိုအတိုင်း Kim ရဲ့ဝမ်းဗိုက်ထဲမှာ အသက်ဆက်ရှင်ခွင့်ရခဲ့သည်..ဒါကတော့အဆိုးတွေထဲကအကောင်းတခုလို့ပဲမှတ်ယူရတော့မှာပေါ့..

" ဒါဆို သားလေးကဘာမှမဖြစ်ဘူးပေါ့ ဟုတ်လားဒေါက်တာ သားလေးက အထိအခိုက်မရှိပဲ အသက် ဆက်ရှင်နေမှာပေါ့ ကိုကိုအတွက်လည်းအန္တရယ်မရှိဘူးမဟုတ်လားဒေါက်တာ  "

" ဟုတ်ပါတယ် ကိုမာရောဂါက အချိန်တလလောက်နဲ့လည်းပြန်လည်သတိရလာနိုင်သလို စိတ်မကောင်းစွာ အသက်သေဆုံးသည်အထိ သတိမရလာနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်

အခုအခြေအနေကတော့ကလေးအတွက်ကံကောင်းတယ်လို့ပဲပြောရမယ် မဟုတ်ရင် လူကြီးကောကလေးကိုပါဆုံးရှုံးရလောက်အောင်ဖြစ်ခဲ့တာဆိုတော့ အဆိုးတွေအထဲက အကောင်းပဲလို့မှတ်ယူပါလူနာရှင်..

လူနာသတိမရလာသေးပေးမယ့်ကလေးကတော့ ဝမ်းဗိုက်ထဲမှာ တလတလကြီးထွားလာမှာပါ အကယ်လို့ ကလေးမွေးဖွားချိန်ထိ လူနာကသတိမရလာနိုင်သေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် အတက်နိုင်ဆုံးတော့ ကျွန်မတို့ကြိုးစားပေးပါ့မယ် လူနာရဲ့ကံပေါ်လည်းမှုတည်တာပေါ့နော် "

" ဟုတ်ကဲ့ ဒေါက်တာ "

ဆရာဝန်တွေအားလုံးထွက်သွားချိန် အိပ်ယာထပ်လှဲလျောင်းနေတဲ့ Kim ရဲ့နားကိုသွားကာ လက်ကလေးကိုဆုတ်ကိုင်လိုက်ပြီး

" ဒီလိုအခြေအနေတွေဖြစ်ခဲ့တာတောင် မောင်နဲ့သားကိုရအောင်ကယ်ခဲ့သေးတာပဲနော် ကိုကို.. ဘာလို့များ မောင်က ကိုကိုတယောက်ထဲကိုတောင်မကယ်နိုင်ရတာလည်း မောင်ကဘယ်လိုတောင်အသုံးမကျတဲ့အိမ်ထောင်ဦးစီးတယောက်လည်းကိုကိုရယ် မောင်အသုံးမကျလို့အခုလိုတွေဖြစ်ရတာ မောင့်ကြောင့် မောင့်ကြောင့် "

AFTER (Complete) Where stories live. Discover now