Part 4 (Unicode)

480 57 5
                                    

မိန်းမလှလေးသည် ကျန်းဟောင့်ရင်ခွင်ထဲရောက်နေပြီ မျက်နှာချင်းထိစပ်လုမတတ်နီးကပ်နေကြသည်။ ချစ်ရိပ်ဝေနေသော မျက်၀န်းတွေကလည်း ပြောစရာမလိုအောင်ပီပြင်သည်။ ဟန်ဘင်းမှလွဲ၍ ကျန်သူများက ဇာတ်လမ်းထဲတွင် ဈာန်၀င်နေကြသည်။ ဒါသရုပ်ဆောင်နေတာ ....သရုပ်ဆောင်နေတာ။

ဘယ်လိုပဲဖြည့်တွေးတွေး ဟန်ဘင်းစိတ်အေးချမ်းမသွား။ ထိုမိန်းကလေးနဲ့ ဟာအိုကိုတွဲတွေ့နေရတာကို သူဘယ်လိုမှမနှစ်မြို့နိုင်ပါ။ အလုပ်သဘောဆိုတာလည်း သိသည်။ သရုပ်ဆောင်နေသည်ဆိုတာလည်း ဟန်ဘင်းနားလည်သည်။ နားမလည်ကြတာက လူတွေပဲ။ တဆိတ်ရှိ ဆွဲshipချင်ကြတာ။

အခုဇာတ်ကားဆို မထွက်သေးတာတောင်မှ shipနေကြတဲ့သူတွေက ပလူပျံနေသည်။ ကျန်ဟောင့်နဲ့ ဘယ်လိုchemistryမိတာ ၊ ဘယ်လိုလိုက်ဖက်တာ စသဖြင့် weiboမှာနေ့တိုင်းလိုလိုတက်လာသည်။ နှစ်ယောက်သား ဒိတ်နေတာလိုလို ဘာလိုလိုနဲ့တင်တဲ့ သတင်းတွေတောင်ရှိသည်။

" ဘေဘီ ! စာထုတ်ပြီး ရှင်းသင့်နေပြီနော် ၊ သူတို့တွေလွန်လာပြီ "

" ကိုယ် အဲ့လိုကောလဟလတွေကို မဖြေရှင်းတတ်တာ မင်းသိရဲ့သားနဲ့ "

" ဟ ! ဒါပေမယ့် ကျွန်တော်လုံး၀ မကြိုက်ဘူးလေ "

ဇာတ်ကားအကြောင်းပြပြီး နှစ်ယောက်သားတတွဲတွဲတွေ့နေရတာလည်း ဟန်ဘင်းသိသည်။ တခါတလေ ကျန်အဖွဲ့သားတွေမပါဘဲ ‌ညစာအတူသွားကြတာတွေလည်း သူမသိဟန်ဆောင်ထားခဲ့တာ။ ဒီတော့ဟန်ဘင်းမကြိုက်တာလည်း လွန်မည်မထင်။

" promotionလေ ဟန်ဘင်းရ ၊ ဇာတ်ကားမထွက်မချင်း သူနဲ့တွေ့နေရဦးမှာပဲ ၊ ဒီလောက်လေးတောင် ကိုယ့်ကိုနားမလည်ပေးနိုင်ဘူးလား "

နားမလည်ပေးတာမဟုတ်ဘူး စိုးရိမ်နေတာ။ ဟာအိုရဲ့စိတ်တွေ ကိုယ့်အပေါ်ပြောင်းလဲသွားမည်ကို ဟန်ဘင်းစိုးရိမ်သည်။ ဟာအိုကလည်း အရင်လိုမဟုတ်ဘဲ သူ့အပေါ် သွေးအေးသွားတာကို သတိထားမိသည်။ သူဖုန်းဆက်ရင်လည်း မကိုင်တာတွေများလာ၏။ တစ်နေ့တစ်ခါတောင် စာမပို့ဖြစ်တဲ့အပြင် တွေ့ရဖို့တောင်ခက်နေသည်။

" ကိုယ်မအားသေးလို့ပါကွာ ဒီရက်ပိုင်းရိုက်ကူးရေးတွေက ဆက်တိုက်ပဲ၊ ဟန်ဘင်းကို လွမ်းတာပေါ့ "

Kiss It Better Where stories live. Discover now