Part 3 (Unicode)

285 32 2
                                    


ဟာအိုကိုယ်တိုင် လိုလိုလားလားနဲ့ သူ့ကိုနမ်းလာချိန်မှာတော့ ဟန်ဘင်းအချိန်မဆွဲတော့ပါ။သူ့ကိုခွထိုင်လျက်ရှိနေတဲ့ ဟာအို့ရဲ့ တင်ပါးလေးမှ ပင့်ချီကာ အခန်းတွင်းသို့ဦးတည်လိုက်သည်။ နမ်းနေတာကိုလည်း မပျက်စေရ။

မွေ့ယာထူထူပေါ်သို့ ဟာအို့ခန္ဓာကိုယ်ကို ပစ်ချလိုက်ပြီး ၀တ်ထားတဲ့ တီရှပ်ပွကြီးကို ဟန်ဘင်းအလျင်စလိုချွတ်လိုက်သည်။ ဖုံးကွယ်နေတဲ့ ဟန်ဘင်းရဲ့တောင်တင်းတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက ထင်ထင်ရှားရှားပေါ်လာသည်။ အသက်ရှူမြန်သည်နှင့်အညီ အထက်အောက်ရွေ့လျားနေတဲ့ လည်စေ့ရယ် ၊ နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အုပ်ကျယ်ကြီးက ကြည့်နေရတဲ့ ကျန်းဟောင့်ကို ရင်ဖိုစေတာကို ၀န်ခံရပေမည်။

" ဘေဘီ "

သူ့နှုတ်က 'ဘေဘီ'လို့ တစ်ခါခေါ်လိုက်တိုင်း ကျန်းဟောင့်ယောင်ယမ်းပြီး ကိုယ့်နှုတ်ခမ်းကိုကိုက်မိသည်အထိ။ ကိုယ်စခဲ့တဲ့ဇာတ်လမ်း ကိုယ်ခံပေဦးတော့။

" ဘာလို့ အဲ့လိုခေါ်နေတာလဲ ၊ နေရခက်အောင် "

" အဟက် ရှက်နေတာလား ! "

ပြုံးစစနှင့်ဆိုကာ ကျန်းဟောင့်ရဲ့ မလုံ့တလုံည၀တ်အင်္ကျီလေးကို ဟန်ဘင်း ဆွဲချွတ်ကာ ကြမ်းပေါ်ပစ်ချလိုက်သည်။ ပေါ်လာတဲ့ အသားစိုင်လေးတွေက မထိရက်မကိုင်ရက်စရာ ဖွေးနှစ်လို့ ၊ ခြေထောက်လေးတွေကိုပါ ကွေးထားတော့ မလိုင်လုံးလေးလို။ ဆောင်းဟန်ဘင်း အသည်းယားလာတော့ ဗိုက်သားဖွေးဖွေးလေးတွေကိုပါ ကိုက်ပစ်လိုက်သည်။ လှမ်းမြင်နေရတဲ့ အနီရောင်လေးတွေကိုလည်း တစ်ဖက်ကိုငုံလိုက် ၊ နောက်တစ်ဖက်ကို ပွတ်သပ်လိုက်နှင့် ရုန်းထွက်မရနိုင်တဲ့အထိ နစ်မွန်းနေမိသည်။ဟာအိုရဲ့ အထိမခံနိုင်တဲ့နေရာထင်ပါရဲ့။  ထိုနေရာလေးတွေကို ထိမိတော့ ပိုလို့ညည်းညူလာတဲ့အသံလေးတွေ ပလုံစီလာသည်။ တစ်ခဏအတွင်းမှာ ဟာအိုရဲ့ ဖြူဖွေးတဲ့အသားရည်ပေါ် ခရမ်းပုပ်ရောင်အကွက်တွေက မြင်မကောင်းစွာပေါ်လာတော့သည်။

ဟာအိုရဲ့ မျက်၀န်းတွေက ရီဝေရွှန်းစိုနေစွာ ဟန်ဘင်းကိုကြည့်လာသည်။ ဟန်ဘင်းရဲ့ တောင်ဆိုသည့်မျက်၀န်းတွေကြောင့် အသံတိတ်ခေါင်းငြိမ့်ပြလိုက်သည်။ ခွင့်ပြုချက်ရသွားပြီးနောက် ဟာအိုရဲ့ ဘောင်းဘီအပါးလေးမှာ ကြမ်းပြင်ပေါ်သို့ ပစ်စလက်ခတ်ပစ်ချခံလိုက်ရသည်။ ဟာအိုရဲ့ တင်ပါးလေးတွေက ပေါင်းအိုးထဲကထုတ်ကာစ ပေါက်စီပူပူလေးတွေလိုပဲ ၊ ကြည့်ရုံနဲ့တင် စိုအိနေကာ နူးညံနေမည်မှာအသေချာပင်။ ဘယ်လိုနေမည်ဆိုတာ ဟန်ဘင်းမြည်းစမ်းကြည့်ချင်သည်။

Kiss It Better Where stories live. Discover now