ကျန်းဟောင့်ရဲ့ ကိုယ်ပိုင်Gymခန်းထဲသို့ ဆောင်းဟန်ဘင်းရောက်နေသည်။ သူကြည့်ရသလောက် အတော်လေးကျယ်သည့်အပြင် ပစ္စည်းတွေလည်း အတော်စုံသည် ။ ဟောင့်ဟောင့်က သီးသန့်trainချင်လို့ဆိုတဲ့ ဝူရှစ်ကောရဲ့စကားအရ trainingကာလကို ကျန်းဟောင့်ရဲ့အိမ်မှာပဲ ဖြတ်သန်းရဖို့ဖြစ်လာသည်။
" ဟန်ဘင်း ...ကိုယ့်အနေအထားမှန်ရဲ့လား "
အိပ်ထမတင်ခုံပေါ်မှာ အလေးနှစ်တုံးကို ကိုင်လျက် ပက်လက်အနေအထားဖြင့် ကျန်းဟောင့်ကမေးလာသည်။ ပေါင်လယ်လောက်ရှိသည့် ဘောင်းဘီတိုလေးနဲ့ အနက်ရောင်စွပ်ကျယ်ကြောင့် ဖြူ၀င်းသောပေါင်တံနှင့် လက်မောင်းသားတို့ကို အထင်းသားမြင်နေရသည်။ ချွေးစက်တွေနဲ့ဆိုတော့ စိုအိနေမှာ အသေချာ။ ဆောင်းဟန်ဘင်း ယောင်ယမ်းပြီး တံတွေးမြိုချမိသွား၏။ ကျန်းဟောင့်က အန္တရာယ်များလိုက်တာ...။
" အနေအထားမှန်တယ် ၊ လက်ကို ဖြည်းဖြည်းချင်း မပြီး ဖြည်းဖြည်းစီ ပြန်ချကြည့် ၊ အရမ်းမြန်နေရင် မထိရောက်ဘူး "
" ဒီလိုလား ... "
" ဟုတ်တယ် ဒါပေမယ့် အလေးကို ကိုင်တဲ့ပုံလွဲနေသေးတယ်၊ ကျွန်တော်ပြမယ် "
ကျန်းဟောင့်လက်ထဲက အလေးကို ပုံစံမှန်အောင် တည့်မတ်ပေးဖို့ရာ ဟန်ဘင်း သူ့အနားကပ်သွားလိုက်သည်။ ထိုအခါ ပက်လက်အနေအထားနဲ့လူကို အပေါ်စီးက အုပ်မိုးထားသည့်အနေအထားဖြစ်သွားတော့သည်။ ကျန်းဟောင့်က မည်သို့မျှမနေပေမယ့် ရင်းနှီးနေတဲ့မျက်၀န်းတွေက ဆောင်းဟန်ဘင်းကို အနေကြပ်စေသည်။ ကိုယ်သင်းနံ့လေးကြောင့် သူဇဝေဇဝါ ဖြစ်ရပြန်သည်။ တကယ်ပဲ အဲ့ဒီညက နီညိုရောင်လေးက မင်းဖြစ်နေတာလား ။
" ဟာအို ... ကျွန်တော်တို့ အရင်ကဆုံဖူးကြသေးလား "
" မပြောတတ်ဘူး ၊ တွေ့ရင်လည်း တွေ့ဖူးမှာပေါ့ "
ကျန်းဟောင့်က မျက်လုံးလေးမှေးကာ စဉ်းစားဟန်ပြုသည်။ သို့သော် အဖြေက တိတိကျကျမရှိ။ မဖြစ်နိုင်ပါဘူးလို့ပဲ ဟန်ဘင်းဖြည့်တွေးလိုက်သည်။
" ဘာလို့လဲ "
" အာ ...ကျွန်တော်လူမှားတာ နေမှာပါ ၊ ထားလိုက်ပါတော့ "
![](https://img.wattpad.com/cover/379663589-288-k404630.jpg)