လေသံဖျော့ဖျော့လေးက ဗို့အားပြင်းလွန်းသည်။ ဆောင်းဟန်ဘင်းတစ်ကိုယ်လုံးကို ကြက်သီးမွေးညင်းထသွားစေလောက်တဲ့အထိ စွမ်းသည်။
" ကိုယ်လည်း မင်းကို သဘောကျတယ် ၊ အရမ်း ...အရမ်း "
မရတော့ဘူး ၊ ဟန်ဘင်းရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွာခဲ့ပြီ။ မိမိအောက်ကလူကို အမဲဖျက်မတတ်ငုံ့နမ်းလိုက်မိသည် ။ မျက်နှာတစ်ပြင်လုံးကို အကြားလပ်မရှိအောင် ဖိနမ်းပစ်လိုက်ပြီး ထိုမှတစ်ဆင့် လည်တိုင်ကျော့ကျော့ထံ စုန်ဆင်းလာလိုက်သည်။ ကျန်းဟာအိုက အမွှေးခဲလေးများဖြစ်နေသလားမသိပါ ၊ သူနမ်းမိသမျှနေရာတိုင်းက မွှေးလွန်း၍ ချိုမြနေသည်။ နမ်းရုံတင်မက အားပါပါနဲ့စုပ်လိုက်တော့ လည်ပင်းသားဖြူဖြူတို့မှာ ချက်ချင်းအနီကွက်ထလာသည်။
" ဟန်ဘင်း ...တအားမလုပ်နဲ့လို့ "
ဟန်ဘင်း နားမထောင်ပါ ၊ လည်ပင်းတွေသာမက ရင်ညွန့်ဖွေးဖွေးလေးတွေပါ သူကိုက်ခဲပစ်လိုက်တာ။ တခါတခါထွက်လာတဲ့ အသံအီအီလေးတွေက ဟန်ဘင်းအတွက် တွန်းအားဖြစ်စေသည်။
" အ...ဟန်ဘင်းလို့ ! အရာတွေ ထင်ကုန်မယ် "
ဟာအိုတားလည်းမရ ၊ ဟန်ဘင်းရဲ့လက်တွေက တစွန်းတစပေါ်နေတဲ့ နီရဲရဲအရာလေးတွေကိုပါ ပွတ်သပ်မိသွား၏။ ထို့အပြင် သူ့ပေါင်ကို လာထိတဲ့တစုံတရာကြောင့် ဟာအိုခမျာ လန့်ဖျတ်သွားပြီး ဟန်ဘင်းကို အလန့်တကြားကြည့်လာသည်။ ဟန်ဘင်းလည်း ဒီလိုမဖြစ်ချင်ပါ၊ သို့သော် ကျန်းဟာအိုကိုထိတွေ့မိတာနဲ့ သူ့ခန္ဓာကိုယ်ကအပူလှိုင်းတွေက ဆထက်တပိုးတိုးလာတာ။
" ဘေဘီ ...ကိုယ်တို့ "
အခေါ်အဝေါ်တွေပါပြောင်းသွားတော့ ရှက်လွန်း၍လားမသိ၊ ဟာအိုက မျက်လွှာချထားကာ ခေါင်းပင်မော့မလာတော့။ဟန်ဘင်း မေးဖျားကနေဆွဲမော့လိုက်ကာ ကိုယ့်ကိုအကြည့်ချင်းဆုံစေသည်။ ဟာအို့ရဲ့ မျက်ဆံကြည်ကြည်လေးတွေက ပုလဲနက်လေးတွေလို ရွှန်းလက်နေသည့်အပြင် အောက်နှုတ်ခမ်းလေးကိုဖွဖွကိုက်ထားပုံက ပို၍ဆွဲဆောင်မှုရှိစေသည်။
သို့သော် ဟန်ဘင်း အတင်းကြပ်မရယူချင်၊ဟာအိုက နုနုထွေထွေးကလေးမို့ တန်ဖိုးထားချင်သေးသည်။ သက်ပြင်းချကာ ဟာအို့ရဲ့ အပေါ်ကနေထလိုက်သည်။
