ဒီနေ့ Jeon တို့မြေးဖိုးနှစ်ယောက်ကတဖန် Kim အိမ်တော်သို့ နှစ်ဖက်မိဘတွေ့စုပြီးမဂ်လာစကားပြောရန်ညစာစားဖို့ ထွက်လာခဲ့ကြသည်. Kim မိသားစုကလည်း ကိုရီးယားနိုင်ငံ ရဲ့ Top 1 ထိပ်ထိပ်ကြဲမိသားစုတစုဆိုလည်း မမှားဘူးပေါ့ဗျာ..
F " သမ္မတကြီးကြွပါခင်ဗျာ သားလေးလာ "
M " ခုမှပဲသားမက်လေးကိုအပြင်မှာမြင်ဘူးတော့တယ် Sumi နဲ့ချွတ်စွတ်ကိုတူတာပဲ "
Sumi ဆိုတာက Jeon ရဲ့အမေဖြစ်သူ Jeon Sumi Mrs.Kim နဲ့ ငယ်သူငယ်ချင်းတွေ..
" CEO Kim ရော မတွေ့ပါလား အလုပ်ကပြန်မရောက်သေးတာလား "
" မဟုတ်ဘူး သမ္မတကြီး သားက သမ္မတကြီးကြိုက်တဲ့ ပဲပိစပ်ဟင်းရည်ကိုကိုယ်တိုင်ချက်ပြီးမှ အိမ်ပေါ်တက်သွားတာ "
" ဥက္ကဌကြီး Kim တို့ကိုတော့အားကျပါတယ်ဗျာ လူတော်လေးကိုသားတော်ထားရတာပဲ.. စီးပွားရေးအပြင် CEO Kim က အစားအသောက်လည်းချက်တက်တာပဲလား "
" ဟုတ်တယ်ရှင့် သားလေးက အချက်အပြုတ်လည်းရတယ် သမ္မတကြီး "
" CEO Kim မလုပ်နိုင်တာဘာရှိသေးလည်း တကယ်တော်တဲ့ကလေးပဲ မြေးတော်ချင်နေပြီနော် ဟားဟားဟား "
အဖိုးဖြစ်သူရယ် မတော်ရသေးတဲ့ယောက္ခထီးနဲ့ယောက္ခမတို့ စကားတွေပြောပြီးပွဲကျနေပေမယ့် သူကတော့ငုတ်တုတ် ဒါကိုရိပ်မိတဲ့ Kim ရဲ့အမေကပဲလမ်းဖွင့်ပေးသည်
" သားလေးပျင်းနေပြီလား အိမ်ပေါ်ထပ်ညာဘက်ကိုကွေ့ပြီးထောင့်စွန်းခန်းကသားရဲ့အခန်းလေ တက်သွားချင်ရင် တက်သွားလေ "
" ဗျာ... အာ ဟုတ်ကဲ့ ကျွန်တော်တက်သွားလိုက်ပါ့မယ် "
နားမထောင်ချင်တာနဲ့အတော်ဖြစ်ကာ အလိုက်သိတဲ့ယောက္ခမကိုစိတ်ထဲကနေအမှတ်ပေးလို့ လူကြီးတွေကိုခေါင်းလေးငုံ့ပြပြီး အိမ်ပေါ်ထပ်သို့တက်လာခဲ့သည်..
ယောက္ခမပြောတဲ့အခန်းရှေ့ရောက်တော့ တံခါးနှစ်ချက်ခေါက်လိုက်သည်..ဒါကိုအထဲကဘာမှထူးသံမကြားတာနဲ့ တံခါးကိုဖွင့်ပြီးဝင်လာလိုက်တော့သည်..
အခန်းထဲရောက်တော့ အဝတ်အစားတော့အကုန်လဲလို့ပြီးနေပေမယ့် ဆံပင်ရေဆိုနေတာကို dryer နဲ့အခြောက်ခံနေတာကြောင့်သူတံခါးခေါက်တာမကြား သလိုသူဝင်လာတာတောင်မသိ သူလည်းအနီးက ကုတင်မှာထိုင်ကာချောင်းသံပေးလိုက်သည်..
