5

33 7 0
                                    

မနက်ခင်းအစောကြီးနိုးနေတဲ့ Kim အလုပ်သွားရန်ပြင်ဆင်ပြီး အိမ်အောက်သို့ဆင်းလာကာ မနက်စာပြင်ဆင်လို့နေသည်..သူမနက်စာပြင်ဆင်လို့ပြီးချိန်မှာ အိမ်ပေါ်ထပ်ကနေ ကျောပိုးအိတ်ကိုလွယ်လို့ဆင်းလာတဲ့ Jeon..

" ကောင်လေး မနက်စာ မစားဘူးလား "

" မစားဘူး ညစာလည်းမစားဘူး ကျွန်တော့အတွက်ဘာမှပြင်မနေနဲ့ "

ပြောတဲ့သူကတော့လွယ်တယ်လေ ပြောပြီးထွက်သွားပေမယ့် လုပ်ထားတဲ့သူအတွက်ကတော့ သူလုပ်ထားတာတွေကိုကြည့်ပြီး တချက်ပြုံးကာ ပုံမှန်နေလာခဲ့တဲ့အတိုင်းပဲ မနက်စာတယောက်ထဲစားရင်း ဖုန်းထဲက အလုပ်ချိန်ဇယားကိုကြည့်နေလိုက်သည်..

ပုံမှန်စားနေကြတယောက်ထဲဆိုလို့ မေးစရာဖြစ်လာခဲ့သည်..Kim Taehyung ဟာ မိဘတွေရဲ့အချစ်ကိုမရခဲ့ မိဘတွေစေလိုရာစေနေခဲ့ရတဲ့ဘဝမှာကြီးပြင်းလာရတဲ့သူတယောက်ဆိုလည်းမမှားဘူး .ဒါကြောင့်လည်းသူစီမှာပျော်ရွှင်ခြင်းဆိုတာကိုရှာဖွေလို့မရလောက်အောင်အလုပ်တွေနဲ့သာပြည့်နပ်နေခဲ့တာ..

" အင်းလေ ဒါကပုံမှန်ပဲကို ငါကဘာတွေမျှော်လင့်မိနေခဲ့တာလည်း တယောက်ထဲလည်းဒီမနက်စာပဲ ဗိုက်ပြည့်ဖို့ကအဓိကပဲကို "

တယောက်ထဲစကားတွေပြောကာ ကိုယ့်ကိုကိုယ်နှစ်သိမ့်နေချိန် အဖေဆိုတဲ့နာမည်နဲ့ဖုန်းဝင်လာခဲ့သည်..

# ဟုတ်ကဲ့ အဖေ

# အဆင်ပြေလား ကောင်လေးနဲ့ ကောင်လေးကဆိုးမယ့်ပုံပဲ

CEO Kim pov:လက်ထပ်ပေးပြီးမှအဆင်ပြေလားတဲ့ ဟုတ်လားအဖေ ကောင်လေးကဆိုးမယ့်ပုံပဲတဲ့ ခုမှသိတာလားအဖေ မြင်တာနဲ့ သိနိုင်တဲ့ နေပုံထိုင်ပုံရှိတဲ့သူတယောက်လေ အဖေရယ်

# ပြေပါတယ်အဖေ

# မပြေလည်းပြေအောင်နေ စီးပွားရေးကိစ္စက မပြီးပျက်သေးဘူး မပေါင်းချင်တော့ရင်တောင် တနှစ်လောက်တော့သီးခံလိုက်

CEO Kim pov:လွယ်လိုက်တညအဖေရယ် ကျွန်တော်က အရုပ်လေးလားအဖေ ကျွန်တော်က အဖေ့သားအရင်းပါ ကျွန်တော်ဂုဏ်သိက္ခာကရော အဖေပိုက်ဆံတွေလောက်တန်ဖိုးမရှိတော့ဘူးလား အဖေ

You've reached the end of published parts.

⏰ Last updated: 2 hours ago ⏰

Add this story to your Library to get notified about new parts!

AFTERWhere stories live. Discover now