အခန်းထဲက ထွက်သွားတဲ့ ကျောပြင်လေးကို ကြည့်ပြီး အရုပ်ကျိုးပျက် ထိုင်ချမိတယ်။Dunkက အားပေးတဲ့ အနေနဲ့ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေမယ့် အရာမထင်။တကယ် စိတ်ထဲရှိတဲ့အတိုင်းအော်ဟစ်ကာ သောင်းကျန်းပစ်ချင်သည်။"Sorry Pond ငါက ဒီလောက်ဖြစ်မယ် မထင်လို့ ပြီးတော့ Phuwin က ဒီလောက်လေးနဲ့ စက်စက်ထိမခံဖြစ်မယ်လို့ မထင်ထားလို့လေ"
"နင် သောက်ပါးစပ်ပိတ်ပြီး ဒီအခန်းက ထွက်သွားလိုက် အခုက စပြီး ငါနဲ့မပတ်သတ်နဲ့ နင်သာ အစထဲက ဦးနှောက်ရှိရှိစဉ်းစားခဲ့မယ် ငါ့ကို သူငယ်ချင်းလို သဘောထားတာမှန်ရင် ဒါတွေက ဖြစ်မလာဘူး "
"ဟုတ်တယ် Pond ငါနင့်ကို သူငယ်ချင်းလို သဘောမထားဘူး နင်ငါ့ကို ဘာလို့ပြန်လှည့်မကြည့်တာလဲ"
ရည်းစားဟောင်းတွေထဲ တစ်ရက်ထပ်ပိုတွဲတာက Maiတစ်ယောက်သာရှိသည်။သူနဲ့က သုံးရက်လား တွဲလိုက်တာ အတိအကျတော့မမှတ်မိ။နောက်ပိုင်းလဲ သူက ဘယ်လိုမှသဘောမကျ သူလမ်းမခွဲမချင်းတွယ်ကပ်နေတာမို့ လမ်းခွဲရအောင်လို့ ပြောတော့လည်းပဲ တခြားသူတွေလို တွယ်ဖက်မနေဘဲ လက်လွှတ်ကာ သူငယ်ချင်းအဖြစ်နေမယ်လို့ တောင်းဆိုလာတဲ့လူ။
သူ့ကို သဘောကျနေမှန်းသိလို့ Phuwin Tangကိုပဲ သဘောကျကြောင်း ရည်းစားများတဲ့ကောင်မို့ ရိုးသားတဲ့ကောင်လေးနဲ့ အဆင်မပြေဘူးထင်လို့ ဖွင့်မပြောသေးတာဖြစ်ကြောင်းနဲ့ ဒီလူသားလေးနဲ့တွဲတော့လဲ ထပ်ပြီးမရှုပ်တော့ဘူး ဆိုတဲ့အကြောင်း Phuwin Tangကိုပဲ နှလုံးသားတစ်ခုလုံးပုံအပ်မှာဖြစ်ကြောင်း ပြောပြထားပြီးသား။
တကယ်သေချာတွေးလေ ဒေါသထွက်လေဆိုပေမယ့် တကယ် သူငယ်ချင်းတစ်ယောက်လို သတ်မှတ်ထားကာ ဆက်လက်ခေါ်ပြောနေခဲ့တာ။အခုဒီလို ယုတ်ညံ့တဲ့လူက သူ့ကောင်လေးကို ဝေဖန်တာလား။
"နင့်ကိုစတွဲထဲကရော လမ်းခွဲတုံးကပါ ငါပြောပြီးသားလေ ငါနင့်ကိုမချစ်ဘူးလို့ ဘယ်တော့မှလဲချစ်လာမှာမဟုတ်ဘူးလို့လေ "
"ငါ့ကို ဘာလို့ မချစ်ပေးနိုင်ရတာလဲ"
"နင့်အဆင့်နဲ့လေ ဘာတွေမျှော်လင့်နေတာလဲ ငါဘဝမှာ ဘယ်သူ့ကိုမှမချစ်ဖူးဘးး ငါချစ်တာလဲ Phuwin တစ်ယောက်ပဲ"

YOU ARE READING
Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
Fanficတစ်ဘဝမှာ တစ်ခါပဲချစ်ချင်ပြီး အကယ်၍များ နောက်တစ်ခါထပ်ချစ်ရမယ်ဆိုရင်လဲ Pond Naravit ကိုပဲ ထပ်ခါထပ်ခါ ချစ်ချင်မိသည်။