Part 27🍓

5.9K 75 4
                                    

(၂ရက်တောင်မကြာဘူး ညတွင်းချင်း အပ်ပဒိတ်ပေးလိုက်တာနော်
ကေပေးလေးနဲ့ မုန့်ဖိုးပေးလိုက်ကြတော့😏)

💐💐💐
🤵👰

ဒီနေ့ကတော့ မင်းသွေးဆက်ပိုင်နဲ့ သူ့ရဲ့ချစ်မဝလေး ညွှန်းဖွဲ့ရာတို့ရဲ့ လက်ထပ်ပွဲနေ့ဖြစ်ပါတယ်။

မင်းသွေးကတော့ ရာရာ့ရဲ့သဘောတိုင်းအရာအားလုံးကိုစီစဥ္ပေးနေတာမို့ နီးနီးနားနားက ခန်းမ တစ်ခုမှာပဲ ပွဲကိုစီစဥ္လိုက်သည်။

Dinner ပွဲလေးလုပ်ချင်ပေမယ့် ချစ်ဇနီးလေးက ငြင်းနေတာကြောင့် မလုပ်ဖြစ်ပါ။

"ဟဲ့ ငါလှရဲ့လား ရင်ဘတ်ကြီးက အရမ်းများ ဟိုက်နေလား"

"လှပါတယ် ရာရာရယ် နင်ကလေ တခြားမိန်းကလေးတစ်ယောက်လိုဘဲ ပြောင်းသွားတာ တော်တော်လှတယ်"

သူငယ်ချင်းတွေ​ရဲ့မြှောက်ပင့်စကားတွေကြောင့်သာ ရာရာ ငြိမ်ခံနေလိုက်ရသည်။

ဒါပေမယ့် မကြာလိုက်ပါ။

"ဟာ အစ်မ ကိုယ်တိုင်းယူတုန်းက ကွက်တိမဟုတ်ဘူးလား အခုဘာလို့ ကြပ်နေပြီး ရင်ဘတ်က ဒီလောက်ပေါ်နေတာလဲ"

"ဪ မောင်လေးရယ် ဒီဝတ်စုံက မြန်မာဝတ်စုံမှမဟုတ်တာကွယ် ဂါဝန်အဖြူ ကားကားကြီးကို မင်းက အကုန်လုံစေချင်နေတာလား
သူ့ရင်ဘတ်ကလေးကခုလို လှလှလေးပေါ်နေတော့ သူ့အလှကပိုတိုးတယ်လေ ပြီးတော့ ဒီကလေးမက ဒီလိုပုံစံတွေသိပ်မဝတ်ဘူးဆိုလို့ ဒီတစ်ခါ လှအောင်ကို အစ်မက လုပ်ပေးထားတာလေ"

"ဟာ သူများတွေလိုက်ကြည့်နေမှာပေါ့"

"ကိုမင်းသွေး ဘာဖြစ်နေတာလဲ ရာရာအဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူးဆို"

"ကျစ်!!!"

မင်းသွေးကတော့ ရာရာ့စကားကြောင့်ဘာမှဆက်မပြောတော့ဘဲ မျက်မှောင်ကြုတ်ပြီး ထွက်သွားသည်။

"ဟဲ့ သား ဘာဖြစ်လာတာလဲမျက်နှာက"

"ဘာမှမဖြစ်ပါဘူး ကြီးကြီး
ဒါနဲ့ အမေတို့ရောလာပြီလား"

"အခုထိမလာသေးဘူး ကြီးကြီးလည်းစိတ်တွေပူနေပြီ"

"မလာလဲကောင်းတာပေါ့ဗျာ"

❀ɓεℓσѵε∂❀ (Complete)Where stories live. Discover now