ဇာတ်လမ်းတွင် ပါ၀င်သော နေရာဒေသလေးမှာ အပြင်လောက၌ တကယ်ပင် တည်ရှိပြီး ခိုင် ကိုယ်တိုင် ချစ်မြတ်နိုးရသည့် ဖေဖေ့ ဇာတိ ရွာလေးဖြစ်တာကြောင့် နှလုံးသားကို အရင်းခံကာ ဒီဇာတ်လမ်းကို ရေးသားရခြင်းပင် ဖြစ်သည်။
ပထမဆုံးရေးသားသည့် ဇာတ်လမ်း ဖြစ်သည့်အတွက် စာရေးသားများ၌ လည်းကောင်း ဇာတ်ကောင်ကို ဖော်ပြရာတွင် လည်းကောင်း မှားယွင်းချို့ယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ပါက မေတ္တာ ဂရုဏာ ရှေ့ထား၍ ခွင့်လွှတ် ပေးကြပါရှင် ။ ကောင်းမွန်သော အကြံပြုချက်များ ကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါ၏။
ဖော်ရွေပြီး အေးချမ်းလွန်းလှတဲ့ " ပန်းပဲစု ကျေးရွာ " လေးကို ကျောင်းဆရာ ဆန်းလင်းအောင် နှင့် အတူ လာရောက်ရင်း " ရွာဓလေ့ ထုံးတမ်း အစဥ်လာများကို ပျော်ရွှင်စွာခံစားကြရအောင်ရှင်။
" ဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရင်းများ သာမက ဇာတ်ကောင်တို့ သည် စာရေးသူ၏ စိတ်ကူးစိတ်သန်းများ သာ ဖြစ်သည့်အတွက် အပြင်လောကရှိ နေရာဒေသများ နှင့် ဓလေ့ထုံးတမ်းများကို ထိခိုက်လိုစိတ် မရှိပါ။ ထို့ကြောင့် စာရေးသူဘက်မှ မည်သူ့ကိုမျှ မထိခိုက်စေပဲ သေချာ စီစစ်ကာ ရေးသားဖော်ပြသွားပါမည်။ အကယ်၍ တစ်စုံတစ်ရာမျှ မှားယွင်းစွာလွှဲချော်ခဲ့လျှင် ခွင့်လွှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်။ "
အေးချမ်းမှုများဖြင့်
ခိုင်

YOU ARE READING
" နွေးထွေးမှု နှင့် အေးချမ်းမှု "
Romansaနွေးထွေးမှုကို အကိုက ပေးပြီး အေးချမ်းမှုကို ကျွန်တော်က ပေးအပ်ပါမည်။ ဆန်းလင်းအောင်