မနက်ခင်းနေရောင်ခြည်ပျိုးပျိုးပျပျလေးက အခန်းထဲသို့ ဟိုတစဒီတစအလင်းဖောက်လို့နေသည်
ပင်ပန်းထားလို့ မနေ့ကနေ့လည်လောက်ထဲကအိပ်ပျော်သွားခဲ့တာ နောက်နေ့မနက်ပါကူးလို့သွားတဲ့အထိပဲ..
ခန္တာကိုယ်ကလည်း ခုထိနှုံးချိနေသလို ခါးအောက်ပိုင်းကလည်း အရမ်းကြီး မနာတောင် အရှင်းတော့မနာတာမဟုတ်... မျက်လုံးမပွင့်နိုင်သေးပဲ လက်ကလေးဆန့်ထုတ်လို့ အညောင်းဆန့်လိုက်တဲ့ Kim..
" morning "
morning ဆိုတဲ့အသံကြောင့် မပွင့်သေးတဲ့မျက်လုံးက ပြူးလို့သွားသည်. မျက်စီရှေ့ပြုံးပြီးကြည့်နေတဲ့ သူ..သတိထားမိတာက စောင်အောက်ကကိုယ့်ရဲ့ခန္တာကိုယ်မှာ အဝတ်အစားမရှိသေးတာကိုပင်..မနေ့ကအကြောင်းကိုပြန်စဥ်းစားမိတော့ သူပင်ပန်းပြီးတခါထဲအိပ်ပျော်သွားခဲ့တာ..
" morning "
ပြုံးတုံးတုံးလေးလုပ်ပြကာနှုတ်ဆက်လိုက်တဲ့ Kim..စောင်လေးကို အသာလှန်ကာ စောက်အောက်ကိုခိုးကြည့်မိတော့ သူ့လိုပင်တဖက်ကလည်းအဝတ်အစားမရှိ ချက်ချင်းပဲ စောင်ကိုပြန်ဖုံးလိုက်သည်..
" အလုပ်သွားရမှာမဟုတ်လား ထလေ "
" ဟိုဟိုလေ "
" အင်းသိတယ် ကျွန်တော်အရင်ထတော့မယ် "
Jeon ကစောင်ထဲကနေထွက်ကာ ကုတင်ပေါ်ကဆင်းသွားတော့ ချက်ချင်းပဲ စောင်ခေါင်းထိခြုံလိုက်တဲ့ Kim..အသက်ကြီးနေပေမယ့် ခုလိုရှက်နေတာလေးတွေက Jeon အတွက် ကလေးတယောက်လိုမြင်နေမိသည်..
" မြင်ဘူးပြီးသားကိုဗျာ ဘာတွေရှက်နေသေးတာလည်း မမြင်ဘူးတုန်းကတောင် ကြည့်ခဲ့သေးတာပဲကို "
အပြင်ကနေပြောနေတာကို စောင်ထဲကနေမျက် မှောင်လေးကျုတ်မိသည်..အပြင်က ခြေသံကိုနားထောင်ပြီး တံခါးပိတ်သံကြားမှသာ စောင်ကိုဖြေးဖြေးခြင်းလှန်လို့ ကြည့်ကာလူလစ်တာနဲ့ စောင်ထဲကနေမြန်မြန်ပြေးထကာ bathrobe ကိုကောက်ဝတ်လိုက်သည်..ရေချိုးခန်းထဲက ထွက်လာတဲ့ Jeon က သူ့ကိုကြည့်ကာ
" မြန်တယ်နော်.. သက်သာလား ကျွန်တော်ညက ဆေးထည့်ထားပေးတယ် အရမ်းကြီးတော့နာတော့မှာမဟုတ်ဘူး အနာကျက်ဆေးထည့်ထားပေးတာမို့လို့ "
