Sunday မနက်အစောကြီးထကာ ပျော်ပွဲစားထွက်ရန်အားလုံးပြင်ဆင်ထားတဲ့ Jeon..Jeon နဲ့အတူတူခရီးထွက်ရန်ပြင်ဆင်ပြီးချိန်မှ အရေးတကြီးဖုန်းတလုံးဝင်လို့လာသည်..
#Hello
#ဗျာ ဘယ်လိုဖြစ်ရတာလည်း ကျွန်တော်ခုချက်ချင်းလာခဲ့မယ်
ဝတ်ထားတဲ့အပြင်အဝတ်အစားတို့ကို ချွတ်ကာ suit အပြည့်ပြန်လည်ဝတ်ဆင်လို့ အလုပ်သွားတဲ့အိတ်ကိုဆွဲလာကာ အိမ်ပေါ်ကနေဆင်းလို့လာသည်..
သူဆင်းအလာကိုအောက်မှာစောင့်နေတဲ့ Jeon.သူ့ကိုမြင်တော့ချက်ချင်းပဲမျက်နှာပျက်သွားကာ ကျုတ်ထားတဲ့ မျက်မှောင်က မျက်ခုံးနှစ်ခုထိကပ်လုနီးနီး..
" ဒါက ဘယ်လိုဖြစ်လို့ "
" ကောင်လေး အကို ကုမ္မဏီကိုသွားမှဖြစ်မယ် အရေးပေါ်ကိစ္စပေါ်လာလို့ အကိုသွားမှဖြစ်မယ်ကောင်လေး တောင်းပန်ပါတယ် အကိုတော် နောက်ရက်မှသွားရအောင်နော် "
" ဘာ! "
"အကိုတောင်းပန်ပါတယ်ကွာ နောက်နေ့တူတူသွားမယ်နော် "
တောက်!!!
သူလှည့်ထွက်လိုက်တဲ့အချိန်မှာတောက်ခေါက်သံနဲ့အတူသူ့လက်ထဲမှာဆွဲလို့ထားတဲ့ အိတ်ကိုလှမ်းဆွဲကာ အဝေးသို့ပစ်ထုတ်လိုက်သည်..
" ကောင်လေး! "
" ဘာလည်း ခင်များအကိုဆိုတဲ့သူကလှမ်းခေါ်လို့လား အရေးကြီးတဲ့ကိစ္စဆိုတာ ခင်များအကိုဆိုတဲ့ ဟို CEO နဲ့တွေ့ဖို့လား ဟမ် ပြောစမ်း "
" မင်းဘာတွေပြောနေတာလည်း အခု အလုပ်မှာ ပစ္စည်းမှားတဲ့ ကိစ္စနဲ့ အရေးပေါ်ဖုန်းဝင်လာလို့ အကိုသွားရမှာ "
"ဘာကိုအရေးပေါ်လည်း ခုမှအရေးပေါ်လား အချိန်တိုင်းအရေးပေါ်နေတာ ကျွန်တော်မသိဘူးထင်နေလား ကျွန်တော်မမြင်ဘူးရောထင်နေတာလား ခင်များတို့အချိန်တိုင်းအတူရှိနေတာကို ကျွန်တော်မသိဘူးများထင်နေလား Kim Taehyung!!!!"
" အတူတူရှိနေတာမှန်တယ် အကိုတို့အလုပ်အတူတွဲလုပ်နေတာကြောင့် အမြဲအတူတူရှိဖြစ်နေတာ အဲ့တာထက် အခြားဘာမှမပိုဘူးကောင်လေး မင်းအကို့ ကို မစွပ်စွဲပါနဲ့ "
