ငါ့နာမည် Satang kittiphop။
ဘောလုံးကစားရတာဝါသနာပါသူတယောက်ဖြစ်ပြီး ဘောလုံးပွဲတွေကြည့်ရတာလဲ သဘောကျတယ်။အဲ့နေ့ကသာ ပွဲနားချိန်မှာ ပျင်းလာရင်ပြန်တတ်တဲ့
ငါ့ရဲ့အကျင့်လို လုပ်ခဲ့မယ်ဆိုလျှင် ငါသူနဲ့တွေ့ရမယ်လို့တောင်မထင်ဘူး။Winny,ကျောနံပါတ် 43,အဖွဲ့ရဲ့ တောက်ပတဲ့ကြယ်လေးတပွင့်ဖြစ်သလို တော်တဲ့ ကစားသမားတယောက်။
သူက အရပ်ရှည်တယ်၊ချောတယ်၊ကြည့်လို့ကောင်းတယ်၊ပြည့်စုံတယ်။
ငါကတော့ ဒီအတိုင်း ပွဲကြည့်ပရိသတ်တွေထဲက ပရိတ်သာသာပါဘဲ။အဝေးကနေဘဲ ငေးကြည့်နေနိုင်တဲ့ ကိုယ်ပျောက်လူသားတယောက်ပေါ့...ဒီတသက်တော့ ထိုကစားသမားကို တိတ်တိတ်ကလေးဘဲ ဆက်ချစ်နေမိတော့မယ် ထင်ပါသည်။
"Nong ပြန်ကြမယ်လေ ပွဲပြီးပြီ"
"Krub phi"
ဘောလုံးပွဲကို ငါနဲ့အတူလာကြည့်တဲ့ phi phuwin ကလာခေါ်သည်။
"Fourth ကော"
"သူ့ရည်းစားဆီသွားပြီ"
ငါတို့နဲ့အတူလိုက်ပါလာတဲ့ အငယ်ဆုံးကောင် fourth ကတော့ဘောလုံးထပ် ဘောလုံးအသင်းထဲမှာပါတဲ့ သူ့ရည်းစား Gemini ကိုစိတ်ဝင်စားလို့ လာကြည့်တာပေ။အခုလဲ သူ့ရည်းစားဆီသွားပြန်ပြီလေ။
"အဲ့ကောင်ကလဲအဲ့ကောင်ဘဲ ပြီးရင် တခြားကောင်မလေးက ရေပုလင်းလာပေးလို့ဆိုပြီငိုအုန်းမယ်"
ဘောလုံးကစားပြီး ရုပ်ရည်ကလဲချော ခန္ဓာကိုယ်ကလဲဖြောင့်တာကြောင့် Gemini ကိုလာကြောင်တဲ့ကောင်မလေးတွေရှိသည်လေ။အဲ့ကောင်မလေးတွေကရေပုလင်းလာပေးလို့ Gemini ကယူသောက်မိရင် fourth ကအမြဲငိုကာ ငါတို့ဆီရင်လာဖွင့်သည်။
ငါကတော့ အမြဲလမ်းခွဲခိုင်းသည်။ငါနဲ့မတူ phi phuwin ကတော့အကြီးဆုံးပီပီသင့်တော်တဲ့အကြံ
ပေးကာ အဆင်ပြေအောင်လုပ်ပေးသည်။"စိတ်မပူပါနဲ့ သူ့ရည်းစားကအဲ့တာတွေစိတ်ပူလို့ ရည်းစားရှိတာကိုကြေငြာထားပြီး တက်တူးလဲထိုးထားတယ်လေ"
YOU ARE READING
Player Number 43[COMPLETE]
Fanfiction"မင်းက ကျတော့်ကိုဒီတစ်ချိန်လုံးကြည့်နေခဲ့တာမလား" -Winny- "ကျတော် ကြည့်နေခဲ့တယ်ဆိုရင်ကော.." -Satang- "ဒါဆိုရင် အခုက မင်းကိုကြည့်ဖို့ ကျတော့်အလှည့် ရောက်ပြီထင်တယ်" -Winny- Winny X Satang COMPLETE