ကျောင်းမှာ တနေကုန် ငါ့ရဲ့ဘောလုံးသမားကို လိုက်ချောင်းကာ မသိလိုက်ခင်မှာဘဲ ကျောင်းဆင်းတာကြောင့် ငါအိမ်ကို စိတ်မပါလက်မပါစွာပြန်ခဲ့ပြီး အိမ်သို့ရောက်တော့ အခန်းထဲဝင်ကာ တခါထဲတန်းအိပ်လိုက်သည်။
"Satang!!!"
ငါ အိပ်လို့ကောင်းနေတုန်းမှာဘဲ phi phuwin နဲ့ fourth ကအခန်းထဲဝင်လာပြီး တပြိုင်နက်လာအော်သည်။
"ဟာ ဘာလို့အော်တာလဲဗျာ ကျတော်အိပ်လို့ကောင်းနေတာကို"
"ဘာလို့အိပ်နေတာလဲ ထလေ"
Phi phuwin ကငါ့အားပြောပြီး fourth ကငါ့လက်ကနေဆွဲခေါ်သည်။
"နေပါအုန်း ဘယ်သွားမလို့လဲ"
"မင်းမေ့နေတာလား ဒီနေ့ ဟိုကောင့်လင်ရဲ့သူငယ်ချင်းမွေးနေ့ကို သွားရမှာလေ"
"ဟမ်..အဲ့ဒါကျတော်တို့နဲ့ဘာဆိုင်လို့သွားရမှာလဲ"
"လိုက်ခဲ့ပါ satangရာ fourth ကသူ့လင်နားဘဲကပ်နေမှာ မင်းမပါရင် ငါတယောက်ထဲကွ"
"နော် satang လိုက်ခဲ့ပါ လိုက်မှာမလား"
Fourth ကငါ့အားခေါ်နေသည်။ငါလဲ ကြံရာမရတော့ လိုက်မယ်လို့သာခေါင်းငြိမ့်လိုက်ရသည်။
Fourth က ငါ့အား အဝတ်အစားတွေဆင်ယင်ပေးသည်။ဘယ်လိုဘဲဖြစ်ဖြစ် ငါ့အတွက်တော့ ဖက်ရှင်မကျလဲ ရပါတယ်။
"ချောသွားပြီ လာသွားကြရအောင်"
Fourth ကအလယ်ကနေ ငါတို့နှစ်ယောက်ရဲ့လက်ကိုချိတ်ထားတာကြောင့် အခန်းဝမှာ တစ်ပြီးထွက်လို့မရပေ။
"မင်းအရင်ထွက်လိုက် fourth"
"ဟီးဟီး"
Phi phuwin ပြောတော့မှ ငါတို့ကိုလွတ်ပေးကာ ဟီးဟီး လုပ်နေသည်။ခေါ်လို့သာ လိုက်ခဲ့ရပေမယ့် ငါ့ စိတ်ထဲ မပါပါ။
ငါ လိုက်ခဲ့တာကိုတောင် အားမနာ ဟိုနှစ်ယောက်က ငါ့ကိုတယောက်ထဲထားခဲ့သည်။fourth ကလဲ ခန့်မှန်းစရာပင်မလိုတောင် သူ့လင်ရှိမှာပင်။phi phuwin ကလဲ ငါမလိုက်ရင် သူတယောက်ထဲ ပြောပြီးတော့ သူ့သူငယ်ချင်းတွေနဲ့သွားနေနေလေသည်။
YOU ARE READING
Player Number 43[COMPLETE]
Fanfiction"မင်းက ကျတော့်ကိုဒီတစ်ချိန်လုံးကြည့်နေခဲ့တာမလား" -Winny- "ကျတော် ကြည့်နေခဲ့တယ်ဆိုရင်ကော.." -Satang- "ဒါဆိုရင် အခုက မင်းကိုကြည့်ဖို့ ကျတော့်အလှည့် ရောက်ပြီထင်တယ်" -Winny- Winny X Satang COMPLETE