ငါနဲ့ winny နှစ်ယောက်က ငါမျှော်လင့်ထားတာထက်ကို ပိုပြီးအချိန်အတူဖြုန်းနိုင်ခဲ့ကြသည်၊
ငါတို့က ကျောင်းမှာပါ အချိန်အတူကုန်ဆုံးကြပြီး တနေ့တာကို စကားအတူပြောရင်း အဆုံးသတ်လေ့ရှိကြတယ်။
"Satang အဲ့ဒါဆို ကျတော်တို့ဒီမှာဘဲရပ်ကြရအောင်"
ကျောင်းဆင်းခံနီးတာကြောင့် winny ကငါ့အား လက်စသတ်ရင်းမေးသည်။
"ဟုတ် ရပါတယ်ဗျ"
"ခနနေမိုးရွာတော့မဲ့ ပုံဘဲ ထီးပါရဲ့လား satang"
အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးကို တချက်ကြည့်ပြီး ငါ့ကိုပြန်ကြည့်ကာ မေးမြန်းသည်။
"မပါဘူးဗျ"
ငါ လွယ်အိတ်ထဲ စစ်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ရော့ ဒါယူသွားလိုက်"
ငါ့ကို သူ့လက်နဲ့ ကိုယ်တိုင် ကိုင်ကာ ထီးကိုထည့်ပေးသည်။
ဗုဒ္ဓေါ! ဘုရား! Winny က ငါ့လက်ကိုကိုင်တယ်!!
"မဟုတ်တာ ကျတော်ယူလိုက်ရင် winny ကဘာနဲ့ဆောင်းမှာလဲ အခုလဲမိုးမရွာသေးပါဘူး ယူထားလိုက်ပါ"
အယ်...ငါ ပြောပြောပြီးချင်းပင် မိုးတွေက သည်းထန်စွာ ရွာသွန်းလာသည်။
"အခုဘဲရွာလာပြီကို ယူသွားလိုက်"
Winny ကအတင်းထိုးပေးတာကြောင့် ငါ ငြင်းရမှာလဲအားနာလာသည်။အမှန်တော့ ငါမငြင်းချင်ခဲ့ပါ။ကိုယ်ချစ်တဲ့လူပေးတဲ့ ပစ္စည်းကို ငြင်းချင်ပါ့မလား။
"ကျတော်တို့အတူ ဆောင်းကြမလား"
နောက်ဆုံး ငါ ဆုံးဖြတ်ချက်တခုချကာ ထိုစကားကို ပြောလိုက်သည်။
"အဲ့လိုဘဲလုပ်ကြမလား"
Winny ဘက်ကငြင်းမယ်ထင်ထားခဲ့ပေမယ့် လွယ်လွယ်ကူကူပင် လက်ခံတာကြောင့် ငါ ပြုံးမိလိုက်သည်။
YOU ARE READING
Player Number 43[COMPLETE]
Fanfiction"မင်းက ကျတော့်ကိုဒီတစ်ချိန်လုံးကြည့်နေခဲ့တာမလား" -Winny- "ကျတော် ကြည့်နေခဲ့တယ်ဆိုရင်ကော.." -Satang- "ဒါဆိုရင် အခုက မင်းကိုကြည့်ဖို့ ကျတော့်အလှည့် ရောက်ပြီထင်တယ်" -Winny- Winny X Satang COMPLETE