Moments Between Us

58 15 3
                                    

ငါ့ရဲ့ တနေ့တာမှာ အရေးအပါဆုံးဖြစ်တဲ့ ဘောလုံးကန်ခြင်းကို ကျောင်းမှာပင် လုပ်ဆောင်နေသည်။

ဒါပေမဲ့ ဒီပွဲဟာ သာမန်အပျော်ကန်ခြင်းဘဲ ဖြစ်ပေမယ့် ငါ အားတော်တော်စိုက်ထားသည်။

နောက်ဆုံး ငါ့ရဲ့ ရွှေခြေထောက်ဖြင့် ဂိုးမြှောက် ဂိုးကိုသွင်းပြီး အနိုင်ယူလိုက်သည်။

"Winny ဒီနေ့ဘာလို့ အဲ့လောက်ပြိုင်ပွဲမှာကန်သလိုကန်နေတာလဲ"

Gemini က ရေသောက်ရင်း ငါ့ကိုမေးတော့ ငါ ရယ်ပြီး ခေါင်းခါပြလိုက်သည်။

"ပုံမှန်ဆို မင်းအခုလိုမကန်ပါဘူး အပျော်ဆော့တာကို ပေါ့ပေါ့ပါးပါးဘဲဆော့ပါဆို"

တခြားအသင်းသားတွေကလဲ Gemini စကားကိုထောက်ခံကြသည်။

"ဒီတိုင်း စိတ်ပါသွားလို့ပါ"

ပြောပြီး ငါ ဘောလုံးကွင်းနဲ့ဆန့်ကျင်ဘက်သို့ လှည့်ကာ ငါတို့ကိုကြည့်နေတဲ့ အကောင်သေးလေးကိုကြည့်လိုက်သည်။

သူက ဘယ်သူ့ကိုလာကြည့်တာလဲတော့မသိပေမယ့် ငါကတော့ သူလာကြည့်လို့ အစွန်းကုန်ကန်ပြလိုက်ရတာဘဲ။

"ဟုတ်ပါပြီ ဟေ့ကောင်တွေ ညကျ ငါ့ ပါတီကိုလာဖို့ မမေ့ကြနဲ့အုန်း"

ဟုတ်သားဘဲ။ဒီနေ့ အဲ့ကောင်ရဲ့မွေးနေ့ ပါတီငါတို့ကို ဖိတ်ထားတာ။မသွားချင်ပေမယ့် အရက်ကြိုက်တာကြောင့် ငါ သွားဖို့ဆုံးဖြတ်ထားသည်။

ညကျ ပါတီအတွက် ပြင်ဆင်ဖို့ ငါတို့အားလုံး ကိုယ်ဆီပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

"Gemini!"

Gemini ပြန်ဖို့ လှည့်အထွက် winny ခေါ်လိုက်ခြင်းဖြစ်သည်။

"ဘာလဲ ဟေ့ကောင်"

"မင်းရည်းစားကို ပါတီမခေါ်ဘူးလား"

"ဘာလို့ခေါ်ရမှာလဲကွ ငါ့ရည်းစားကိုလူတွေကြည့်ကြမှာမလိုချင်ဘူး"

Player Number 43[COMPLETE]Where stories live. Discover now