ပုံမှန်အတိုင်း ကျောင်းကို ဘောလုံးကန်ဖို့သာ ရည်ရွယ်ပြီးသွားလိုက်သည်။
ဒီနေ့တော့ မထင်မှတ်ထားတာ ဖြစ်သွားခဲ့သည်။
အဲ့ဒါက ငါ မျှော်လင့်နေမိတဲ့သူစိိမ်းနဲ့ ငါနဲ့တခန်းထဲပင်။သူက ငါ့ရဲ့နောက်ဘက် မျက်စောင်းထိုးမှာထိုင်သည်။
ငါ ဂရုမစိုက်ကာ ပျင်းလို့ ဘောပင်လှည့်ဆော့လိုက် သီချင်းဆိုလိုက်နဲ့ အပျင်းပြေအောင်နေလိုက်သည်။
အနောက်ကနေ တယောက်ယောက် ငါ့ကိုကြည့်နေသလို ခံစားရလို့ မသိမသာလှည့်ကြည့်လိုက်တော့ ထို လူက ငါ့ကိုကြည့်နေသည်။ငါနဲ့အကြည့်ချင်းဆုံတော့မှ တခြားတဖက်သို့လှည့်သွားသည်။
ထုံးစံအတိုင်း အချိန်ကျတာနဲ့ ငါ့ကောင်တွေနဲ့ ဘောလုံးကန်ဖို့ ထွက်လာလိုက်ကြသည်။ငါတို့က ကျောင်းဂုဏ်ဆောင်တွေမို့ ငါတို့ကို ဘယ်သူမှလာမပြောရဲပါ။
အချိန်အတော်ကြာကန်ပြီးနောက် ကျောင်းဆင်းချိန်ရောက်တာမို့ ပြန်ဖို့ထွက်လာလိုက်သည်။ကွင်းပြင်နားရောက်တော့ လူတယောက် ငါနဲ့ဝင်တိုက်သည်။
သူက ငါ့ထပ်အရပ်အနည်းငယ်ပုသည်။ဝင်တိုက်မိတာကြောင့် သူ့စာအုပ်တွေ အောက်ကိုပြုတ်ကျသွားသည်။ထိုလူကတော့ လန့်သွားသည်ထင် တောင့်တောင့်ကြီးရပ်နေသည်။
နောက်ဆုံး ငါကဘဲ စာအုပ်တွေကိုကူကောက်ပေးရင်း ပုံတပုံကိုတွေ့သည်။အဲ့ပုံက ငါ့ရဲ့ပုံနဲ့အတော်ကိုဆင်သည်။အဲ့ပုံက ငါ့ပုံကိုဆွဲထားတာလား??
ဒါပေမဲ့ အဲ့လူက ငါ့ဆီက အဲ့ပုံကို အမြန်ဆွဲယူသွားတာကြောင့် သေချာမမြင်လိုက်ရပါ။
"တောင်းပန်ပါတယ်ဗျ ကျတော့်အမှားပါ"
ငါ့အမှားဆိုတော့ ငါ့ဘက်က စ၍တောင်းပန်စကားဆိုလိုက်သည်။
"မဟုတ်တာ ကျတော်လဲတောင်းပန်ပါတယ်။ကျေးဇူးပါ winny"
ထိုလူကပြောပြီး ငါ့အားမော့ကြည့်တာကြောင့် ငါတို့ထပ်ပြီးအကြည့်ချင်းဆုံသွားသည်။အဲ့လူက ရှက်သွားသည်ထင်သည်။
YOU ARE READING
Player Number 43[COMPLETE]
Fanfiction"မင်းက ကျတော့်ကိုဒီတစ်ချိန်လုံးကြည့်နေခဲ့တာမလား" -Winny- "ကျတော် ကြည့်နေခဲ့တယ်ဆိုရင်ကော.." -Satang- "ဒါဆိုရင် အခုက မင်းကိုကြည့်ဖို့ ကျတော့်အလှည့် ရောက်ပြီထင်တယ်" -Winny- Winny X Satang COMPLETE