ဒီအဖြစ်အပျက်က ကျောင်းဘောလုံးကွင်းနားမှာ ဖြစ်ပွါးခဲ့ခြင်းပေ။
နေရာက ကျောင်းမှာဘဲဖြစ်ပြီး winny ကဘောလုံးကန်နေတာကြောင့် မနေနိုင်စွာ ဘောလုံးကွင်းနားကိုလာပြီး ခိုးကြည့်နေတာပင်။တဖက်မှာလဲ winny ရဲ့ပုံကိုဆွဲရင်းနဲ့ပေါ့။
နောက်ဆုံး ဘောလုံးကန်တာ ပြီးတော့မှ ငါ ပြန်လာခဲ့သည်။လမ်းတလျှောက် ငါ လမ်းကိုမကြည့်ဘဲ ဘောလုံးကွင်းမှာ winny ကိုမတွေ့လို့ ကွင်းထဲကိုဘဲ မျက်လုံးကရောက်နေသည်။
ရုတ်တရက် ငါနဲ့ဝင်တိုက်မိတဲ့ ခန္ဓာကိုယ်တခု။
ငါ့လက််မှာ ပိုက်ထားတဲ့ စာအုပ်တွေနဲ့ ပုံဟာကျသွားခဲ့သည်။ငါ့ ခန္ဓာကိုယ်တွေမလှုပ်ရပ်နိုင်အောင် အေးခဲသွားသလိုဘဲ။ငါ သူ ငါ့ကိုရယ်သွားတာဖြစ်ဖြစ် ဒီတိုင်းထွက်သွားတာဖြစ်ဖြစ် တခုခုကိုလုပ်ဖို့မျော်လင့်ထားပေမဲ့လဲ အဲ့တာတွေအစား သူက ဒူးကိုကွေးကာ ထောက်လိုက်ပြီး ကျသွားခဲ့တဲ့ ငါ့ ပစ္စည်းတွေကိုကူကောက်ပေးခဲ့သည်။
မဖြစ်ဘူး!! ငါဆွဲထားတဲ့ပုံကိုမြင်သွားလိမ့်မယ်။
ငါ နောက်မကျခင်မှာ အမြန်ကောက်လိုက်ပေမဲ့ ကံမကောင်းစွာ ငါ့ရဲ့ပုံဟာ သူ့လက်ထဲပါသွားသည်။သို့သော် အချိန်မနှောင်းခင် ငါအမြန်ယူလိုက်သည်။"တောင်းပန်ပါတယ်ဗျ ကျတော့်အမှားပါ"
ဒါဟာ အိမ်မက်လား။အိမ်မက်သာဆို ငါဒီအိမ်မက်ထဲမှာဘဲအသက်ရှင်ချင်တော့တယ်။
Winny ဘက်ကစပြောတဲ့ စကား။သူ့ဆီက ပထမဆုံးပြောခံရတဲ့ စကား။
Winny ရဲ့အသံက ငါထင်ထားတာထက် ပို deep ဖြစ်နေသည်။ထိုအသံကြောင့် ငါ ပိုတုန်လှုပ်လာသည်။
"မဟုတ်တာ ကျတော်လဲတောင်းပန်ပါတယ်။ကျေးဇူးပါ winny"
ငါ စာအုပ်တွေကိုသေချာပြင်သယ်ရင်း ပြောလိုက်သည်။အခွင့်အရေးရသလို သူ့ကိုကြည့်တတ်တဲ့ ငါ့အကျင့်ကြောင့် Winny ရဲ့မျက်လုံးတွေကိုကြည့်လိုက်ပြီး အကြည့်ခြင်းစုံသွားတာကြောင့် ငါ့မှာရှက်သွေးဖြာရပြန်သည်။
YOU ARE READING
Player Number 43[COMPLETE]
Fanfic"မင်းက ကျတော့်ကိုဒီတစ်ချိန်လုံးကြည့်နေခဲ့တာမလား" -Winny- "ကျတော် ကြည့်နေခဲ့တယ်ဆိုရင်ကော.." -Satang- "ဒါဆိုရင် အခုက မင်းကိုကြည့်ဖို့ ကျတော့်အလှည့် ရောက်ပြီထင်တယ်" -Winny- Winny X Satang COMPLETE