The Rooftop

58 14 4
                                    

အချိန်က ညသန်းခေါင်အလယ်တွင် satang အိမ်ရှေ့မှာရပ်နေတဲ့ ငါ့ကိုငါရှာတွေ့မိသည်။

ငါတို့နှစ်ယောက် နေ့တိုင်း သန်းခေါင်ကျော်အထိ စကားတွေပြောဖြစ်ကြသည်။သန်းခေါင်ယံကျော်သည်အထိ ငါတို့နှစ်ယောက်က ရပ်တန့်ချင်စိတ်မရှိခဲ့ပါ။

ငါတို့နှစ်ယောက် ဒီတိုင်းပေါက်ကရတွေအကြောင်းတွေနဲ့ ကျောင်းက ဆရာ၊ဆရာမတွေကို ဟာသလုပ်ပြီး ပြောကြသည်။

Satang က သူအခု ကြယ်တွေကြည့်နေတယ်လို့ ပြောတာကြောင့် သူ့အိမ်တံခါးဝမှာရှိနေတဲ့ ငါက စာလှမ်းပို့လိုက်သည်။

📨(Winny) - ငါလဲမင်းနဲ့အတူကြည့်လို့ရလား အိမ်ရှေ့ထွက်လာခဲ့

Satang က ငါ့စာကိုမပြန်ခဲ့ပါ။အဲ့အစား အိမ်တံခါးက ပွင့်လာပြီး satang ထွက်လာသည်။မျက်နှာကလဲ အံဩမှုအပြည့်ပင်။

"မင်း တကယ်ရောက်နေတာဘဲ ဘာလို့လာတာလဲ"

အံဩမှုတွေနဲ့အတူ ငါ့ကိုမေးသည်။

"မင်းတယောက်ထဲ အဲ့လိုမျိုးကြည့်ရတာကြိုက်တာမဟုတ်ပါဘူးကွ"

Satang ကငါ့အဖြေကိုပြုံးသည်။ဒီအပြုံးက ငါတို့စစခင်တုန်းက အပြုံးနဲ့တူနေတုန်းပါဘဲ။

"အဲ့ဒါဆို လာခဲ့"

သူ့အိမ်ကိုဝင်စေပြီး သူ့အိမ်ကလူတွေကို မနိုးစေချင်လို့ဆိုပြီး ဖြေးဖြေးချင်းသွားခိုင်းသည်။ပြီးနောက် ဖြေးဖြေးချင်း အိမ်ခေါင်မိုးထပ်တံခါးကိုဖွင့်ကာ ငါ့ကိုဝင်ခိုင်းသည်။

"ဒါကလုံခြုံတယ်ဆိုတာ အာမခံနိုင်လား"

ငါ တိုးတိုးတိတ်တိတ်စနောက်လိုက်သည်။

"မင်းသိချင်ရင် ဝင်ကြည့်လိုက်လေ"

ငါ အရင်ဝင်သွားလိုက်ပြီး satang က ငါ့နောက်ကလိုက်လာသည်။satangက အရင်နေရာယူလိုက်ပြီး ငါ သူ့ဘေးနားဝင်ထိုင်ကာ လှပတဲ့ရှုခင်းကို တဝကြီးခံစားလိုက်သည်။

Player Number 43[COMPLETE]Where stories live. Discover now