_________________________________________
ကလေးတွေထဲကတစ်ယောက်ရဲ့မွေးနေ့ပွဲရှိတာကြောင့် သူမမွေးနေ့ပွဲကျင်းပရာ64လမ်းထဲရှိတရုတ်
ဆိုင်တွင်းသို့ ကြွေနဲ့နှင်းအတူဝင်လာခဲ့လိုက်လေသည်။"မမကြွေ!မမနှင်း လာလာ။သမီးကမမတို့ကိုစောင့်နေတာ"
တပည့်မလေးလည်းဖြစ်မွေးနေ့ရှင်လေးလည်းဖြစ်တဲ့မွှေးက ကြွေတို့ကိုတွေ့တာနဲ့လက်ဆွဲကာခေါ်ပြီး သူ့အပေါင်းသင်းတွေကြားထဲသို့ခေါ်လာခဲ့လေသည်။
ဆိုင်က ကလေးတွေအပြင် ကြွေတို့မသိတဲ့မွှေးရဲ့သူငယ်ချင်းတွေလည်းပါဝင်လေသည်။ မွေးနေ့ကိတ်အရင်ခွဲတာကြောင့် ကြွေတို့ အတူပါဝင်ဆင်နွှဲပေးဖြစ်လေသည်။
"မွှေး..!လက်ဆောင် မမနဲ့မမနှင်း နှစ်ယောက်ပေါင်းပေးတာ"
"အာ..ကျေးဇူးတင်ပါတယ်မမကြွေ မမနှင်း။ဟီး အိတ်လေးပဲ"
ထိုကလေးမကလက်ဆောင်အိတ်ကိုငုံ့ကြည့်ကာပြော၏။ပျော်နေပုံရတာကြောင့်ကြွေကောနှင်းပါအတူပြုံးမိလိုက်ကျလေသည်။နောက်တော့ သူမတည်ခင်းပေးထားတဲ့အစားသောက်များထဲမှ ကြုိက်ရာလေးအနည်းငယ်ယူစားပြီးကြွေ့တပည့်တချို့နဲ့စကားပြောလိုက်နှင်းနဲ့ပြောလိုက်နဲ့အချိန်ပေးဖြစ်၏။
"မွှေး...!မမတို့ပြန်တော့မယ်။အိမ်မှာအန်တီအေးကနေသိပ်မကောင်းတာကြောင့်မမအစောပြန်ရမှာမလို့"
"ဟုတ် ဟုတ်မမ!ဂရုစိုက်ပြန်ကျနော်မမတို့။မွေးနေ့ကိုသတိတရလာပေးလို့ကျေးဇူးတင်ပါတယ်မမ"
ကြွေကောနှင်းပါ အသိမှတ်ပြုစွာပြုံးပြခဲ့ပြီးတခြားကလေးတွေကိုပါနှူတ်ဆက်၍ဆိုင်ထဲကထွက်လာခဲ့လိုက်ကျလေသည်။
"ကြွေ.."
ရှေ့တည့်တည့်မှတွေ့လိုက်ရတဲ့သူ့ဆီမှခေါ်သံကြောင့်ကြွေခြေလှမ်းတို့ရပ်တန့်သွားမိ၏။ ကိုဘုန်းခန့်သူ မတွေ့ရတာဆယ်စုနှစ်ကျော်လောက်ရှိတော့မည့်ကိုဘုန်းခန့်သူ။ ကြွေကြောင်အစွာရပ်နေမိ၏။ ထိုလူဟာအရင်တုန်းကတိုင်း မဟုတ်ဘူးအရင်တုန်းကထပ်ပိုကြည့်ကောင်းနေသည်။ပိုပြီးယောကျ်ားဆန်လာသည်။