------------------------------------------------------------
သြဂုတ်လ ၁၄ရက်နေ့။ တစ်နည်းအားဖြင့် ဟိုလူ့အရိုင်းစိုင်းစုံတွဲအပ်ထည်လာယူမည့်နေ့ဖြစ်လေသည်။မမြင်ချင်မတွေ့ချင်တာကြောင့် လဲ့တို့နဲ့ထားခဲ့ပြီးအပေါ်ထပ်ကိုသာတက်လာပြီး တခြားသောအထည်များကို ကိုင်ဖို့ပြင်ဆင်နေလိုက်လေသည်။ဘယ်ချိန်ရောက်လာမလဲမသိတာကြောင့် လုပ်ရမဲ့အလုပ်တချို့ကိုအကုန်အပေါ်ယူထားပြီးအောက်မှာကလေးတွေကိုသာထားခဲ့လိုက်လေသည်။
ဘာရယ်မဟုတ် အနားကစားပွဲဝိုင်းပုလေးဆီအကြည့်ရောက်မိတော့ နှုတ်ခမ်းပါးတို့ကွေးညွတ်စွာပြုံးမိလေသည်။ဟိုစုံတွဲကြောင့်မနက်ကထဲကစိတ်ရှုပ်နေရမဲ့နှင်းဆီပန်းဖြူလေးငါးပွင့်ကိုတွေ့လိုက်ရတော့မှစိတ်ကြည်မိသွားသလို။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီးမနက်တိုင်းဆိုင်ရှေ့မှာရှိနေတတ်တဲ့နှင်းဆီအဖြူတစ်လှည့်အနီတစ်လှည့်ပန်းတွေကရက်မပြတ်အမြဲတမ်းရှိနေခဲ့သည်။ဘယ်သူပေးလဲဆိုတာလည်းမသိရ သိချင်လို့လာကြည့်ရအောင်လည်းညဆိုအပြင်မထွက်ရဲတာကြောက်တာနဲ့တင်ဘာမှဆက်လုပ်လို့မရပေ။
ထပ်ကာပြုံးမိပြီးထိုပန်းများကိုထိတွေ့ကြည့်နေချိန် ကြွေ့ဖုန်းဝင်လာသံကြောင့် ယူကြည့်မိတော့အောက်ထပ်က ကလေးတွေဆက်နေတာကြောင့်ဖုန်းမကိုင်သေးပဲထိုင်နေရာကထပြီး မှန်မှတဆင့်အောက်ကိုငုံ့ကြည့်မိ၏။အနက်ရောင်ပြိုင်ကားတစ်စီးရှိနေသည်။ဟိုစုံတွဲရောက်နေပြီထင်တယ်။
"ဟယ်လို...!လဲ့ပြောလေ"
"ဟို..!မမ ဟိုဧည့်သည်အကိုကမမနဲ့ပဲစကားပြောချင်တယ်ပြောနေလို့ပါ။အဲ့တာ မမ မလာရင်ဆိုင်ကိုဖျက်စီးပြစ်မယ်ဆိုပြီးပြော....!"
"အောက်ကိုဆင်းလာခဲ့လိုက်။နှစ်ခါထပ်ပြောရမဲ့အလုပ် ကျုပ်မလုပ်ဘူး။ဆင်းမလာရင် ခင်ဗျားဆိုင်စုတ်ပြတ်သတ်သွားမယ်"
လဲ့ အသံတို့ရပ်တန့်သွားရပြီး ကြားဖြတ်ဝင်ပြောလာတဲ့အသံပိုင်ရှင်ကြောင့် ကြွေအောက်နှုတ်ခမ်းကိုပေါက်ထွက်မတတ်ဖိကိုက်ပြစ်မိလိုက်လေသည်။စကားတွေကအရမ်းလွန်လွန်းအားကြီးလှပြီမလို့ကြေွသည်းမခံနိုင်တော့ပေ။ထို့ကြောင့်ဖုန်းကိုချပြီးအမြန်အောက်ထပ်ဆင်းလာခဲ့မိသည်။