------------------------------------------------------------
"သား..!အိမ်ပြန်မနေဘူးလား"မာမီစကားကြောင့် ထမင်းစားနေသည်ကိုတေဇဘုန်းခန့်ရပ်လိုက်ပြီး မာမိီကိုကြည့်လိုက်လေသည်။
"မနေချင်ဘူးမာမီ!ကျတော့်ကွန်ဒိုမှာနေရတာအဆင်ပြေပါတယ်။ပြီးတော့ အလုပ်နဲ့ပတ်သက်ပြီးတော့လည်း ကွန်ဒိုမှာနေရတာပိုအဆင်ပြေမယ်ထင်လို့"
"အေးပါ!ဆိုင်အခြေနေကောသဘောကျရဲ့လားသား!ငွေလိုရင်လည်းမာမီဆီကနေယူလို့ရတယ်နော်သား"
တေဇဘုန်းခန့် ခေါင်းရမ်းပြလိုက်လေသည်။
"မလိုဘူးမာမီ! ကျတော့်ငွေနဲ့ပဲရင်းချင်းတယ်။ပစ္စည်းတွေက သူရိန်ဝင်းထွဋ်ဂိုဒေါင်တွေဆီရောက်နှင့်နေပြီးသားမာမီ။သရဖီက ဟိုကဆိုင်ရဲ့ဒီဇိုင်းတွေပဲသုံးချင်တယ်ဆိုလို့ အကုန်နီးပါးကဟိုဆိုင်ခွဲတိုင်းပဲ။ တချို့အရာတွေကိုတော့ အတတ်နိုင်ဆုံးညှိယူပြီးလုပ်ရမှာပေါ့။အဆင်ပြေပါတယ်မာမီစိတ်မပူပါနဲ့"
မာမီကခေါင်းလေးညိတ်ပြပြီးညစာကိုဆက်စားလေသည်။ဒယ်ဒီကတော့ရုံးသွားတာခုချိန်ထိပြန်မရောက်ပေ။အင်း ဒီလိုပဲညတိုင်းတစ်ယောက်ထဲစားနေကျဖြစ်နေပြီမလား။
"ဒယ်ဒီနဲ့ကောအဆင်ပြေရဲ့လားမာမီ"
"ဟင်။အင်း ပြေပါတယ်သားရဲ့!မင်းဒယ်ဒိီကမေမေ့ကိုဂရုစိုက်ပေးပါတယ်"
"အင်း ဒါဆိုဟိုတပတ်ကကျတော်မာမီနဲ့စကားပြောနေကျတုန်း ဒယ်ဒိီနဲ့မာမီစကားများနေခဲ့ကျတာကကော"
တေဇဘုန်းခန့် မေးတော့အမေဖြစ်သူဟာမျက်နှာအနည်းငယ်ပျက်ယွင်းပြီးခေါင်းရမ်းပြလေသည်။
"အဲ့တာဘာမှမဟုတ်ပါဘူးသားရယ်။ဒီတိုင်းစကားများကျတာမျိုးလေးပါပဲ။ သားမနက်ဖြန်ကောအိမ်လာစားမလား မာမီဘာချက်ပေးထားရမလဲ"
"ရတယ်မာမီ ဘာဖြစ်ဖြစ်ပါ။မာမီအဆင်ပြေရာပေါ့"
မာမီကသဘောကျစွာဖြင့်ပြုံးလေသည်။အင်း မာမီအပြုံးတွေက မလန်းဆန်းလိုက်တာ။
။ ။
အိမ်အပြန်လမ်းတစ်ဝက်အရောက်မှ ဟိုမိန်းမအိမ်ကိုသွားကြည့်ချင်တဲ့စိတ်ကြောင့် ပြန်နေသည့်လမ်းကြောင်းကိုပြောင်းမောင်းလိုက်လေသည်။