------------------------------------------------------------
"ကလေးတွေ ဒီနေ့နေ့လည်တစ်နာရီထိပဲနေရအောင်နော်။ မမ အပြင်သွားစရာရှိတာကြောင့်ဒီနေ့စောစောပေးနားမယ်ကလေးတွေကို""ဟာ..!တကယ်နော်မမ။ အတော်ပဲမီးတို့ကဒီနေ့ခွင့်ယူဖို့တောင်လုပ်ထားတာ။ ခိုင့်မွေးနေ့မလို့လေ"
စိမ်းလဲ့အပြောကြောင့် ကြွေ ခိုင်သင်းနွယ်ဘက်လှမ်းကြည့်မိရင်း။
"ခိုင် မွေးနေ့မှာပျော်ရွှင်ပါစေ။ မနက်ဖြန်ကျရင်မမ မုန့်လိုက်ကျွေးမယ်နော်။လက်ဆောင်လည်းအဲ့တော့မှယူ"
"ဟီး..ဟုတ်ကဲ့မမ!မျှော်နေပါ့မယ်ရှင့်"
ကြွေ ပြုံးပြကာခေါင်းငြိမ့်ပြလိုက်လေသည်။ သူငယ်ချင်းတွေနဲ့ညနေဘက်ချိန်းထားတာမလို့ ပြင်ရဆင်ရမှာကြောင့်နဲ့မလို့ကြွေဆိုင်စောစောပိတ်ဖို့ဆုံးဖြတ်လိုက်တာပင်။
"မမ...! မမကိုလဲ့ပြစရာရှိတယ်။ ဟို လဲ့ပြသင့်လားမသိပေမဲ့"
ကြွေ စီးကွင့်ထိုးနေသည့်နားကိုလာထိုင်ကာပြောသည့်လဲ့ကြောင့် ကြွေပြုံးရင်း။
"ပြောပါ ဘာများလဲ"
"ဟုတ် ခဏလေးနော်မမ"
ကြွေခေါင်းငြိမ့်ပြတော့ စိမ်းလဲ့ကထိုင်နေရာကထပြီးသူတို့အိတ်တွေထားသည့်နေရာသွားသည်။ပြီးတော့ဖုန်းယူပြီးပြန်လာပြီးကြွေ့နားမှာဖုန်းဖွင့်ကာတခုခုကိုရှာနေတာ။ ကြွေကိုယ်တိုင်လည်းဘာများလဲဆိုတဲ့အသိစိတ်နဲ့ လဲ့လုပ်နေတာကိုကြည့်မိတော့ instagramကိုဝင်ပြီး အကောင့်တစ်ခုကိုဝင်နေတာ။သူဝင်သည့်အကောင့်ကလည်းTayza Bhone Khant
ဆိုသည့်အကောင့်ဖြစ်နေတာကြောင့်ကြွေနည်းနည်းတော့စိတ်ဝင်စားသလိုဖြစ်သွားမိသည်။"ဒီမှာလေမမ!ဒါ မမဆိုင်ရှေ့ကိုလာထားနေကျပန်းစီးနဲ့မတူဘူးလားဟင်။သူ့ကားပေါ်မှာရိုက်ထားတဲ့ပုံဆိုပေမဲ့ ပန်းစီးကတော့မမဆီရှိနေတဲ့ပန်းစီးနဲ့တူတယ်။ပြီးတော့ ဒီဘက်မှာကြည့်ကြည့် ပန်းစီးနောက်မှကဒ်ပါတယ်။အဲ့ကဒ်ကိုကျပါအောင်သေချာမရိုက်တာပဲရှိတာ။ပန်းစီးကတော့မမဆီရောက်နေတာတွေနဲ့တူသလိုပဲလားလို့"