------------------------------------------------------------
အဆက်မပြတ်ဝင်နေသည့်ဖုန်းတွေကြောင့် ရလွှားတစ်ယောက်ခေါင်းမီးတောက်နေရတော့သည်။ ဆက်နေသူများမှာလည်း ပွဲလက်ခံထားသည့်လုပ်ငန်းရှင်များထက် သတင်းထောက်များကပိုများသည်။"အကို..!မဟာတိုက်ကဆက်နေတာဗျ"
လက်ထောက်မန်နေဂျာရဲ့ဖုန်းကိုပါထပ်ဆက်နေတာကြောင့် လက်ထောက်မန်နေဂျာဝေဖြိုးမောင်ကဖုန်းကို ရလွှားဆီကမ်းပေးလာလေသည်။
"မကိုင်နဲ့ကွာ။ငါဘာပြန်ဖြေရမှန်းကိုမသိဘူးကွ။ အဲ့ကောင်လေးဘာတွေလျှောက်လုပ်နေမှန်းမသိဘူးကွာ တကယ်ပဲ"
"ကိုတေဇကဖုန်းမကိုင်ဘူးလားအကို"
"အေး လုံးလုံးမကိုင်ဘူး!ကွန်ဒိုသွားတော့လည်း မရှိနေဘူး။ သူ့သူငယ်ချင်းမေးတော့လည်း နေရာကိုတိတိကျကျမပြောပြဘူး"
ရလွှားတစ်ယောက် လက်ထောက်ကိုပြောပြီး ဝင်နေသည့်ဖုန်းတွေကိုချပြစ်ပြီး တေဇဆီဖုန်းဆက်ကြည့်ရပြန်သည်။
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထား...!
"တောက်...!ဒီကောင်ကွာ ငါ့ကိုတော်ဒုက္ခပေးတဲ့ကလေး"
ရလွှားတစ်ယောက် စက်ပိတ်ထားသည့်ဖုန်းကို ခေါ်မရတဲ့အဆုံးအနားကခုံပေါ်ကိုစိတ်ပျက်လက်ပျက်ထိုင်ချမိလိုက်တော့သည်။ သူကိုယ်တိုင်My day တင်လိုက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘေးတစောင်းမျက်နှာပုံကြောင့် ဘာတွေလဲတေဇရဲ့ချစ်သူလားဆိုပြီးသတင်းထောက်တွေကအင်တာဗျူးဖို့ဖုန်းတွေတောက်လျှောက်ဆက်နေခဲ့တာမနေ့ညနက်ပိုင်းကထဲက။
အဲ့တာနဲ့တင်မပြီးသွား ဒီနေ့တက်ရမဲ့ပွဲတွေကိုအကုန် တောင်းတောင်းပန်ပန်နဲ့cancelလိုက်ရသည်ကသုံးပွဲစာ။ တေဇဘုန်းခန့်ရဲ့ Personalအကောင့်ကိုတော့ရလွှားမကိုင်ရပေမဲ့ pageကတော့ ရလွှားကိုင်ခွင့်ရှိတာကြောင့်ထိုpageကနေ ပွဲများမတက်ရောက်နိုင်ကြောင်းနဲ့ တောင်းပန်ကြောင်းစာတင်လိုက်တော့လည်း မန့်တွေမှာကောchat box တွေမှာပါသူ့Fanတွေများက ဘာလို့လဲ "တွေ့ဖို့အားခဲထားတာ" တွေ့ရမယ်ဆိုပြီးပျော်နေခဲ့တာ" mydayက ပုံကြောင့်လား" myday ကပုံတင်ပြီးမှ ပွဲတွေအကုန်မတက်တော့ဘူးဆိုတော့ တေဇမိန်းမရသွားတာလား" မိန်းကလေးပြသနာတွေရှုပ်နေတာလား" myday ကပုံအကြောင်းရှင်းပြပေးပါ" ဆိုတဲ့ စာတွေမန့်တွေ ထောင်းသောင်းမက။