ရွက်ကြွေ
part-6
------------------------------------------------------------
"မာမီ..!ဘယ်သွားမလို့လဲ"ညစာအတူစားနေရာကနေမာမီကအပြင်ထွက်ဖို့ပြင်နေတာကြောင့် တေဇဘုန်းခန့်လည်းစားလက်စရပ်တန့်၍မာမီလက်ကိုဆွဲကာမေးလိုက်လေသည်။
"ဟို..!မာ မာမီအရေးကြီးသွားစရာရှိလို့။သားတစ်ယောက်ထဲစားနှင့်အုံးနော်"
မာမီကထိုသို့ပြောပြီး ကားသော့ဆွဲကာအိမ်ရှေ့ထွက်သွားတာကြောင့်တေဇနောက်ကနေအမြန်လိုက်၍မာမီလက်ထဲက ကားသော့ဆွဲယူလိုက်ပြီး။
"ကျတော်ရှိတယ်မာမီ။မာမီနားမှာကျတော်တစ်ယောက်လုံးရှိတာမလို့ တစ်ယောက်ထဲဘာကိုမှရင်ဆိုင်စရာမလိုဘူး။ တက်ပါမာမီ ကျတော်လိုက်ပို့မယ်"
တေဇ စကားကြောင့်မာမီကအားရှိသွားသလိုမျိုးနဲ့ခေါင်းတွန်တွန်ခါညိတ်ပြီးကားပေါ်တက်ထိုင်လေသည်။တေဇဘုန်းခန့်လည်းကားအပေါ်အမြန်တက်ပြီးနောက် မာမီသွားချင်တဲ့နေရာမေးတော့ တရုတ်စားသောက်ဆိုင်တစ်ဆိုင်။ ဘာကြောင့်ရယ်ဆိုတာမပြောပေမဲ့ မာမီဖုန်းကိုကြည့်ပြီးစိတ်တိုနေတာကိုတော့သတိထားမိသည်။
"မာမီ..!ဒယ်ဒီကိစ္စများလား"
တေဇဘုန်းခန့် မေးတော့မာမီကမျက်နှာပျက်ပျက်နဲ့ခေါင်းညိတ်ပြသည်။ တေဇဘုန်းခန့် စိတ်ထဲတင်းသွားမိ၏။ မာမီဟာဒယ်ဒီနဲ့ပတ်သက်ရင်ဒီလောက်ထိစိတ်အာရုံြဗာများရတာမျိုးမရှိခဲ့။တစ်ဦးတစ်ယောက်ကြောင့်ကလွဲပြီးတော့ပေါ့။ ခုလိုမာမီစိတ်မငြိမ်မသက်ဖြစ်သွားတဲ့ဒုက္ခပေးတာဆိုတော့ ဒယ်ဒီနဲ့ဟိုမိန်းမကြောင့်ပဲဖြစ်နေမလား။
။ ။
သန့်စင်ခန်းကအထွက် သန့်စင်ခန်းရှေ့နားရပ်စောင့်နေသူကြောင့် ရွက်ကြွေမျက်နှာကိုတင်းတင်းထားမိရင်း ရှောင်ကွင်းကာသွားဖို့ပြင်လိုက်ပေမဲ့ လက်ကိုဆွဲယူပြီး ဂျောင်ကျတဲ့ဝိုင်းဘက်ဆွဲခေါ်လာတဲ့လူကြောင့်ကြွေ မနည်းရုန်းရလေသည်။"ဘာလုပ်တာလဲကိုဘုန်းခန့်သူ"
"ဆောရီး..!ကိုယ် မင်းနဲ့စကားပြောချင်လို့ပါကြွေ။အချိန်ခဏလောက်ပေးပါ"
ကြွေ ထိုလူ့ကိုစိတ်ပျက်သလိုကြည့်မိလိုက်ပြီး။
"ပြောစရာရှိတာ..! ရှင်နဲ့ကျမကြားမှာပြောစရာဘာကိစ္စများရှိနေသေးလို့လဲကိုဘုန်းခန့်သူ"