------------------------------------------------------------
ခေါင်းတွေအုံခဲပြီး နေရဆိုးတာကြောင့် ကြွေမျက်လုံးတို့ကိုမနည်းဖွင့်ယူရလေသည်။ပထမဆုံးတွေ့ရသည်က အဖြူနဲ့အနက်ရောယှက်ပုံဖော်ထားတဲ့မျက်နှာကျက်နဲ့အခန်းတွင်းပိုင်း။ဝုန်း...!
အိပ်ရာပေါ်ကနေဝုန်းကနဲထမိလိုက်တော့ ခေါင်းကမိုက်ကနဲ။ လက်ဖြင့်ခေါင်းကိုထိန်းကိုင်ရင်း အခန်းအခြေနေကိုမျက်လုံးဝေ့ကာကြည့်မိပြီး။
"ဒါဘယ်နေရာလဲ ငါဘယ်ရောက်နေတာလဲ"
ပါးစပ်ပွင့်ဟရုံမျှတိုးတိုးပြောမိရင်း အိပ်ရာပေါ်ကယိုင်တိယိုင်တိုင်နဲ့ဆင်းလာခဲ့လိုက်လေသည်။
မနက်က ကြွေ့နားကိုကားတစ်စီးလာရပ်တယ် အဲ့ကားပေါ်ကလူကြွေ့ကိုအဝတ်စတစ်ခုနဲ့နှခေါင်းပေါ်အုပ်ချလိုက်တာ ခံလိုက်ရတာ အဲ့ဒိီနောက်ကြွေဘာမှမသိတော့ဘူး။ခု ဒါဆိုဒီရောက်နေတာ အဲ့ဒီလူလက်ချက်။ဒါဘယ်နေရာလဲ အဲ့ဒိီလူကောဘယ်မှာလဲ။
ဘာမှအများကြီးမတွေးနိုင်ပဲ အခန်းပြတင်းပေါက်နားသွားကြည့်မိတော့ ဒါ မန္တလေးမြို့ထဲမှာပဲရှိနေသေးတယ်ဆိုတာ သိလိုက်ရမူ့နဲ့အတူ အခန်းတံခါးဆီပြေးသွားမိပြီး တံခါးဖွင့်ကြည့်တော့ကံကောင်းတာပဲလား တံခါးကဖွင့်ရသည်။ အမြန်ထွက်လာပြီးအခန်းပြင်ကအခြေနေကိုတစ်ချက်ကြည့်မိ၏။
အခန်းထဲကလို အဖြူအနက်ကိုသာပြင်ဆင်ချယ်သထားတဲ့အတွင်းဒီဇိုင်းတွေ။ အခန်းရှေ့ကနေ ကုတ်ချောင်းချောင်းနဲ့ အိမ်တွင်းအခြေနေကိုတစ်ချက်ကြည့်ပြီး အိမ်မကြီးတံခါးရှိရာဆီ မပြေးရုံတမယ်ခြေလှမ်းတို့ဖြင့် လျှောက်လှမ်းလာခဲ့မိ၏။
ဘယ်သူမှမရှိတာလား ရှိတာကိုမသ်ိတာပဲလားဆိုတာမတွေးနိုင်။အဓိက ကကြွေဒီရောက်နေတာကောင်းတဲ့လက္ခါနာမဟုတ်ဘူး။
ဟင်...!
ဖွင့်လို့မရပေ။တံခါးက လော့ချထားသည်။ ဘယ်လိုတံခါးမျိုးလဲ အပြင်ကနေလော့ချထားတာလား။
ကြွေ အထိတ်ထလန့်ဖြင့် အတင်းဖွင့်ဖို့ကြိုးစားနေရင်း လက်ကထိုတံခါးကိုစိတ်ပေါက်ပေါက်နှင့်ထုရိုက်နေမိ၏။