12🚨

6.6K 147 3
                                    

" ကိုကို ဘာလုပ်နေတာလည်း "

အမြဲတိုင်းအကျီချွတ်နဲ့သာနေတက်တဲ့ Jeon..
အိပ်ယာနိုးလာတဲ့ပုံစံက ဆံပင်ကထိုးထိုး ထောင်ထောင်နဲ့..ထမင်းစားခန်းထဲဝင်လာကာ မနက်စာပြင်နေတဲ့ Kim ရဲ့ခါးလေးကိုအနောက်ကနေသိုင်းကာဖက်လို့ပခုံးပေါ်မေးလေးတင်ကာ မျက်လုံးလေးမှိတ်လို့ ပြန်အိပ်နေသလားတောင်ထင်ရသည်..

" မနက်စာလေ ကောင်လေး ဟော အိပ်ချင်နေသေးတာလား "

" ကိုကို "

Kim လည်း ဟင်းချက်နေတာကိုမီးခလုပ်ပိတ်လိုက်ပြီး Jeon ဘက်လှည့်လိုက်တော့ သူရဲ့ရှေ့ကနေခါးလေးဖက်ကာ ပခုံးပေါ်မှီထားပြန်သည်..

" ပြောလေ ကောင်လေး "

" အိပ်ချင်သေးတယ် "

" သွားအိပ်လေ ကောင်လေးရဲ့ "

" ကိုကိုနဲ့တူတူ "

" ကိုကိုအလုပ်.....အွန့် "

စကားတောင်ဆုံးအောင်မပြောနိုင် မှီထားရာကနေကောက်ထပြီး ပါးနှစ်ဖက်ကိုညစ်ကာ နှုတ်ခမ်းတခုလုံးကိုငုံချလို့အနမ်းပေးလာတဲ့ Jeon..

" အဲ့နှုတ်ခမ်းလေးက ထွက်လာတဲ့စကားက အလုပ်ဆိုတာကြီးပဲ ကျွန်တော်ကိုချစ်တယ်ဆိုတာပဲကြားချင်တယ် အဲ့အလုပ်တွေအကုန်ထွက်ခဲ့ပြီး ကျွန်တော်နားမှာတချိန်လုံးနေပေးစေချင်တယ် "

" ကောင်လေးကလည်း "

" ကျွန်တော်ကမလဲဘူး အမြဲထောင်နေတာ ကိုကိုအသိဆုံး ခုတောင် ထောင်ချင်ရင်ထောင်လို့ရတယ် အမြဲတန်း ready ပဲ "

" ကောင်လေးနော် "

" ရှက်ပြန်ပြီလား နောက်မရှက်အောင်လုပ်ပေး​မယ် ကျွန်တော်ကလေ ကိုကို က ကျွန်တော်ကို အချိန်တိုင်းကြည့်နေစေချင်တာ ကျွန်တော်နားမှာပဲရှိနေစေချင်တာ ကျွန်တော်ကိုပဲဂရုစိုက်စေချင်တာ ကျွန်တော်အကြောင်းတွေကိုပဲ ကိုကို အတွေးထဲရောတကိုယ်လုံးမှာ ရှိနေစေချင်တယ် ကျွန်တော်ကိုပဲကြည့် ကျွန်တော်ကိုပဲချစ် "

သူပြောသမျှကို ဘာမှပြန်မပြောပဲ ပြုံးပြီးကြည့်နေတဲ့ Kim ကို မျက်မှောင်ကြီးကျုတ်ကာစိတ်ဆိုးပြန်တယ်..

AFTER (Complete) Where stories live. Discover now