-၁-

646 78 3
                                    

(၁) -  နတ်ဆိုးကြီးခံတွင်းသို့ ရောက်သွားရှာသော တံငှာသည်လေး “          

ကျွန်တော်ငယ်ငယ်က ကြားသိဖူးတဲ့ နတ်သမီးပုံပြင်တွေထဲမှာ ရဲတိုက်ထဲမှာ ပိတ်မိနေတဲ့ ကျိန်စာသင့် သားရဲကြီးက အလွန်အင်မတန်မှ ကြောက်ဖို့ကောင်းပြီး အရုပ်ဆိုးသတဲ့ !

ဒါပေမယ့် အခု ကျွန်တော်ရောက်လာတဲ့ ရဲတိုက်ထဲက ထိုသူကတော့ အဖြူရောင်ကိုဝတ်ဆင်ထားတဲ့ နတ်သားတမျှ ချောမောလှပလွန်းတဲ့သူပဲ !

ဒါပေမယ့် သူလည်း ကျိန်စာ သင့်နေတာတဲ့ ....

မြို့တော်နဲ့ ဝေးကွာလွန်းလှတဲ့ နယ်စွန် နယ်ဖျားက သေးငယ်လှတဲ့ တံငါရွာလေးမှာ
ဂျောင်ကုဆိုတဲ့ ၊ ရိုးသားပြီး ကြိုးစားတဲ့ တံငါသည် လူငယ်လေး တစ်ယောက် ရှိသတဲ့၊

သူဟာ အမြဲအိပ်ယာထဲ လဲနေတဲ့ နာမကျန်း ညီမလေး တစ်ယောက်ကို အမြဲပြုစုရင်း သူ့ဘဝနေ့ရက်တွေကုန် ဆုံးနေရတယ် ၊

တစ်ရက်မှာတော့ သူ့ရဲ့ ညီမလေးဟာ ယုန်သား စားချင်တယ်လို့ တောင့်တလာခဲ့တယ်

" ယုန်သား စွပ်ပြုတ်လေး သောက်ခွင့်ရရင် ညီမလေး တကယ် အားလုံး ပြန်ကောင်းလာမယ်လို့တောင် ခံစားနေရတယ် အကိုရယ် "

တစ်နေ့လုံး ပင်လယ်ပြင် အလယ် ၊ နေပူပူထဲ ငါးဖမ်းလို့ ရသည့် လုပ်အားခမှာ ညီမငယ်၏ ဆေးဖိုးနှင့်၊ စားသောက်ဖို့ ဆန်ဆီဖိုးတောင် မနည်းလောက်ငှအောင် ချန်နေရသော
ဂျောင်ကုအတွက် ဈေးကြီးလှတဲ့ ယုန်သားဝယ်ဖို့ ပိုက်ဆံ အပိုမရှိခဲ့ပါ ။

သို့သော်လည်း ညီမငယ်ရဲ့ တောင့်တမှုကို လျစ်လျူမရှုနိုင်တဲ့အခါ ဂျောင်ကုဟာ
တစ်ရက်တော့ အလုပ်မှ စောစောပြန်လာပြီး
ရွာနားနီးစပ်က တောအုပ်ငယ်ထဲ ယုန် ထောင်ကာ အမဲလိုက်ဖို့ ကြိုးစားခဲ့တယ်။

နေ့တစ်ဝက်နီးပါးသာ အချိန်ကုန်သွားခဲ့သည် ဤတောထဲ၌ ယုန်တစ်ကောင် ကြောင်တစ်မြှီးတောင် မတွေ့ရ ၊

" ဟ ! ဒီတောထဲက ရှိရှိသမျှ ယုန်တွေက အကုန် သေကုန်တာလား !! "

တစ်ကိုယ်တည်း မကျေနပ်စွာ ကြိမ်းဝါးနေချိန်မှာပဲ သူ၏ကိုယ်ပေါ် ကျနေသော ပင်ကြိုပင်ကြားက အလင်းပျောက်လေးများက ရုတ်တရက် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ဟာ မှောင်ကျသွားတော့သည်။

" The angry Red God & His Fisherman " Where stories live. Discover now