(၇) - “ နတ်ဆိုးကြီး ကျိန်စာမှ လွတ်မြောက်ပြီ "
ဂျီမင်း ကျေနပ်စွာပဲ ဂျောင်ကု၏ အနမ်းကို လက်ခံခဲ့ရုံသာမက သူ၏စိတ်လိုအရဖြင့် တန်ပြန်သည့် အနမ်းမျိုး ပြန်ပေးခဲ့မိသည် ။
သန်းခေါင်ယံလယ်က ဇီးကွက်ငှက်အိုကြီးရဲ့ တတူတူ ညည်းသံအောက်မှာ သူတို့နှစ်ဦး၏ အနက်တွေဟာ နက်ရှိုင်းသထက် နက်ရှိုင်းလာလျက် .... !
ကျဉ်းငယ်တဲ့ ပုခုံးများထက် တင်ရုံသာ တင်ထားတဲ့ ဂျီမင်း၏ ဝတ်ရုံရှည်ဟာ တဖြည်းဖြည်းလျှောကျလာပြီး သူ၏ ရင်အစုံဟာ ဖွင့်ဟလာလျက် ။
ဂျောင်ကု ဟာ ဂျီမင်း၏ ဘယ်ဘတ် ရင်အုံပေါ်မှာ မှေးမှေးမှိန်မှိန် အမှတ်သားလေးကို လက်ဖြင့် အသာအယာ ထိကြည့်လိုက်ရင်းဆိုသည် -
" ဒါက .... "
" ကျိန်စာ အမှတ်သားလေ "
ဂျောင်ကု လက်ချောင်းတွေက ထိုအမှတ်အသားပေါ် ခပ်ဖွဖွ ပွတ်သပ်နေမိသည် ။
" အဘိုးကြီးပေးခဲ့တာ ....
တကယ်တမ်း ရယ်စရာက ဘာလဲ သိလား !ငါကြီးမြတ်တဲ့ ဒီသခင်ကြီးကလေ ကိုယ့်ကို ကျိန်စာခတ်ခဲ့တဲ့ သူကိုလည်း မမှတ်မိတော့ဘူးဆိုတာပဲ !
အခု ငါ့မှတ်ဉာဏ်ထဲမှာ ကျန်နေသေးတာဆိုလို့ အဘိုကြီး ဆိုတဲ့ အမည်နာမ တစ်ခုပဲ ကျန်တော့ သူက ဘယ်လိုဘယ်ပုံရှိလို့ ဘာလဲဆိုတာတောင် မမှတ်မိတော့ဘူး "
ဂျောင်ကု ထိုအမှတ်အသားကို ထိပွတ်ရင်းမကျေမနပ်ဖြင့် ဆိုလေသည် -
" မနာလို လိုက်တာ ! "
" ဟမ် ? "
" ကျွန်တော်လည်း အဲ့အဘိုးကြီးလိုမျိုး ခင်ဗျား ကိုယ်ပေါ်မှာ အမှတ်အသားပေးချင်လိုက်တယ် !
ရနိုင်မလား ဂျီမင်း "
" .................. "
ဂျီမင်း ထိုခွင့်တောင်းမှုကို ခေါင်းပဲငြိမ့်မိသလား ၊ခေါင်းပဲ ခါမိလေသလား ?
အဆုံးသတ်မှာ သူဟာ ဂျောင်ကု၏ လက်ထဲ ပြုသမျှ နုရရင်း ၊ မောဟိုက်စွာ ညည်းညူးနေခဲ့တာကိုသာ မှတ်မိတော့သည် ။
YOU ARE READING
" The angry Red God & His Fisherman "
Fanfictionဂျီမင်း × ဂျောင်ကု { Halloween special 🎃 } စံအိမ်တော်ကြီးထဲမှာ ပိတ်မိနေတဲ့ နတ်ဆိုးကြီးက ကျွန်တော့် အသည်းကို စားချင်လို့တဲ့ ! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ကျွန်တော့် အသည်းရော နှလုံးအိမ်ထဲမှာပါ ခင်ဗျားရှိနေတာ စားလိုက်ရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်စ...