(၅) - "ကျွန်တော့်အသည်းကို စားချင်နေတဲ့ ထိုသူနှင့် သတို့သားရောင်းပွဲတော် "
ပြင်ပ လောကနှင့် အဆက်အသွယ်မဲ့သော ဤကျွန်းစုလေးပေါ်တွင် မတူထူးခြားတဲ့ ဘာသာရေး အယူအဆများ ၊ ဆန်းပြားတဲ့ ရိုးရာယဉ်ကျေးမှုများလည်း ရှိခဲ့သည် ၊ ထိုအထဲတွင်မှ နှစ်တစ်နှစ်ရဲ့ အဆုံးသတ် နှင်းတွေ တဖွဲဖွဲကျချိန် ရောက်တိုင်း မြို့ငယ်လေးရဲ့ အလယ်မှာ လူစု လူဝေးဖြင့် ကျင်းပလေ့ ရှိသော ဈေးပွဲတော်တစ်ခု ရှိခဲ့သည် ။ ထိုဈေးပွဲတော်တွင် ' သတို့သား ' များ ဝယ်လို့ရ၏ ။
တစ်မြို့လုံးရှိ အသက်၁၃ နှစ်မှ ၂၀ ဝန်းကျင် ရှိ အမျိုးသားကို မိဘများမှ ဝတ်ကောင်းစားလှ များ ဝတ်ဆင်ပေးကာ သူ့ထက်ငါ အပြိုင် ဈေးဗန်း ခင်းကြသည် ၊ မိန်းမပျိုများ က ကိုယ်အလို ရှိ သဘောကျတဲ့ အမျိုးသားကို ကြိုက်ဈေးပေးကာ ဝယ်ယူပြီး လင်ယောက်ျားတော် ကြလေသည် ။ ဈေးနှုန်းဟာလည်း အစားစား ရှိ၏ ၊ ခန္ဓာကိုယ် ဖွံ့ထွားသန်မာကာ ခွန်အားဗလ ကြီးမားလျင် ပို၍ပင် ဈေးကြီး ပေးဝယ်ရသည် ၊ ထိုကဲ့သို့သော ယောက်ျားမျိုးက မိမိအား တစ်သက်လုံး ကာကွယ်စောင့်ရှောက် အလုပ်အကျွေး ပြုနိုင်မည်ဖြစ်ပြီး ၊ တစ်သက်လုံးစာအတွက် ယခုခဏမှာ ငွေကြေးနည်းနည်း ပိုကာ ရင်းရသည်က တန်သည်ဟု ထင်ကြသည် ၊
တချို့သော မိန်းကလေးများမှာတော့ ကာယ ခွန်အားထက် ဉာဏအားကောင်းသော ယောက်ျားမျိုးကိုလည်း ဈေးကြီးပေးဝယ်ကြသေးသည် ၊ အဘယ့်ကြောင့်ဆိုသော် ထိုလို လူမျိုးများက မျိုးနွယ်စုခေါင်းဆောင်၏ လက်အောက်မှာ အလုပ်ဝင်လုပ်နိုင်ပြီး အရာရှိ/အရာခံ ကတော် ဖြစ်နိုင်သောကြောင့်ဖြစ်သည် ။
ထိုလိုလူမျိုးတွေထဲမှ အချောအလှလေးကိုမှ နှစ်သက်၍ ဈေးကြီး ပေးတတ်သူများလည်း ရှိပေ၏ ။ ထို နှစ်ကုန် ဈေးပွဲတော်ကြီးအတွက် မိန်းကလေးများဟာ တစ်နှစ်ပါတ်လုံး ငွေစုကာ၊ ယောက်ျားလေးများဟာ ဆိုရင်ဖြင့် ရောင်းပန်းတင့်တယ် စေရန် ၊ စာပေလေ့လာသူက လေ့လာ ၊ ခွန်အားဗလ ကြီးထွားဖို့ ကြိုးစားသူက ကြိုးစားဖြင့် တစ်နှစ်စာ ပြင်ဆင်ခဲ့ကြလေသည် ။
YOU ARE READING
" The angry Red God & His Fisherman "
Фанфикဂျီမင်း × ဂျောင်ကု { Halloween special 🎃 } စံအိမ်တော်ကြီးထဲမှာ ပိတ်မိနေတဲ့ နတ်ဆိုးကြီးက ကျွန်တော့် အသည်းကို စားချင်လို့တဲ့ ! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ကျွန်တော့် အသည်းရော နှလုံးအိမ်ထဲမှာပါ ခင်ဗျားရှိနေတာ စားလိုက်ရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်စ...