(၃) - “ နတ်ဆိုးကြီးအား ချစ်လာအောင် ဆွဲဆောင်နည်း အဖြာဖြာ ”
ဘယ်လို သတ္တိတွေနဲ့များ ဂျောင်ကု သည်လောက်ထိ အတင့်ရဲသွားရသလဲ ၊ သူ့ကိုယ်သူတောင် မသိ ၊ သူသတိထားမိချိန်မှာတော့ သူဟာ ထို နတ်ဆိုးပေါက်စလေး၏ အောက်နှုတ်ခမ်းလုံးလေးကို ပိုင်စိုးပိုင်နင်းဖြင့် ထွေးငုံထားမိပြီးသား ဖြစ်နေသည်။
ရလဒ်အနေနဲ့ အရှိုက် တည့်တည့်ကို နတ်ဆိုးပေါက်လေးရဲ့ လက်သီးတစ်ချက် ပစ်ကျွေးတာ ခံလိုက်ရတော့သည်။
" အာ့ ...! "
ဂျောင်ကုဟာ ရှုံ့မဲ့ပြီး နာကျင်လွန်းလို့ သနားချင့်ဟန်မျက်ဝန်းများဖြင့် ဂျီမင်းကို မော့ကြည့်လာလေ၏ ။ မသိလျင် သူကပဲ မတရား ခံလိုက်ရသလိုပင် ။
ကြီးမြတ်လှတဲ့ နတ်ဆိုးကြီး ဂျီမင်းမှာ စိတ်ဆိုးလွန်းလို့သေတော့မည်။
ကျိန်စာသင့်ခြင်းနှင့်အတူ သူ၏ မှော်စွမ်းရည်တွေဟာလည်း ချိတ်ပိတ်ခြင်း ခံထားရခြင်းကြောင့်သာ ၊ မဟုတ်ပါလျင် ယခု သူ့အရှေ့က အတင့်ရဲလွန်းတဲ့ လူသားကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်လိုက်နိုင်လိမ့်မည် ။
" မင်း ! .... ရာရာစစ
ငါသခင်ရဲ့ နှုတ်ခမ်းကို "ဂျီမင်း ဒေါသထွက်နေသည်ကို မြင်တော့ဂျောင်ကု အနည်းငယ် ရင်တုန်သွားပါသော်ငြား ၊ မကြောက်လက်စနှင့် ဆက်ပြီး မကြောက်တော့ဖို့ စိတ်ဆုံးဖြတ်လိုက်သည် ။
" ဘာလဲ ခင်ဗျားက အရင် ကိုယ့်ဘာသာ ကိုက်နေတာပါနော်
ကျွန်တော်က နောက်မှ လိုက်ကိုက်တာ ! "ခင်ဗျားတို့ပဲ စဉ်းစားကြည့် !
ဒီမျက်နှာ လှလှလေးကိုကြည့်ပြီး ဘယ်သူက ကြောက်မှာလဲလို့နော် ...
သူ့အား ပမာမခန့် လုပ်နေသည့် ဂျောင်ကု၏ လည်တိုင်ကို ဂျီမင်း အားပြင်းပြင်းနှင် ညှစ်ကာ နံရံမှာ ပစ်ဆောင့် ပစ်လိုက်သည် -
" အာ့ ! "
ဂျောင်ကု နာကျင်စွာ ညီးညူပါသော်ငြား ရုန်းကန် တုန့်ပြန်ခြင်းတော့ မရှိခဲ့ ၊ သူဟာ ဂျီမင်းပြုသမျှ ငြိမ်ခံနေခဲ့သည်။
![](https://img.wattpad.com/cover/380802731-288-k261876.jpg)
YOU ARE READING
" The angry Red God & His Fisherman "
Fanfictionဂျီမင်း × ဂျောင်ကု { Halloween special 🎃 } စံအိမ်တော်ကြီးထဲမှာ ပိတ်မိနေတဲ့ နတ်ဆိုးကြီးက ကျွန်တော့် အသည်းကို စားချင်လို့တဲ့ ! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ကျွန်တော့် အသည်းရော နှလုံးအိမ်ထဲမှာပါ ခင်ဗျားရှိနေတာ စားလိုက်ရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်စ...