(၂) - “ ရက်ပေါင်းတစ်ရာ ကတိစာချုပ် ”
သူ၏ ဘဝတစ်လျှောက်လုံး သည်အရပ် သည်ဒေသတွင် နေထိုင်ခဲ့တာ တစ်သက်ပင်ရှိပြီ ၊ သည်တောအုပ်ငယ်ထဲ ဒီ ဤမျှ ကြီးမားပြီး ကြီးကျယ် ခမ်းနားသော စံအိမ်တော်ကြီး ရှိခဲ့တာကို သူမသိခဲ့သလို ၊ ဒီဒေသက တခြားသူတွေလည်း သိမှာ မဟုတ်တာ သေချာသည် ။
ပြီးတော့ ထူးခြားသည်က အရင်က တစ်ခါမှ ရှာမတွေ့ဖူးသော သည်စံအိမ်တော်သို့ လာရာလမ်းက ယခုအခါမှ ချောချောရှူရှူကို လမ်းပွင့်နေတာများ ၊
အထူးခြားဆုံးကတော့ သူ ဂျောင်ကု ကိုယ်တိုင်က ဒီစံအိမ်တော်ကြီးရဲ့ တံခါးဝရှေ့ နောက်တစ်ခေါက် ပြန်ရောက်လာခြင်းပင် ၊
" သေချာတယ် အဲ့နေ့က ထို နတ်ဆိုးပေါက်စ ငါ့ကို တစ်ခုခု လုပ်လိုက်တာပဲ ! "
တစ်ကိုယ်တည်း ငြီးတွားလိုက်ပြီး ထိုနေ့က ဖြစ်စဉ်တချို့ မျက်ဝန်းထဲသို့ ပုံရိပ်ယောင်များ ပြန်ထင်ဟပ် တွေးမိပြန်၏ -
" ဘာ.... ဘာ လုပ်တာလဲ ခင်ဗျား ! "
သူ၏ ရင်ဘတ် ကို တိုက်ရိုက်ထိတွေ့ကာ အသားကို ကိုက်လိုက်၊လျက်လိုက် လုပ်နေသော ထိုလူကြောင့် သူ့မှာတစ်ကိုယ်လုံးရှိ သွေးတွေ ကကျိကလိ ဖြစ်လာကာ တွန့်လိမ့်ကောက်ကွေးချင်စိတ်ကို မနည်းထိန်းကာ အံကြိတ်၍ မေးလိုက်ရသည် ။
ထိုသူက အပြုံးတစ်ခုဆင်မြန်းကာ သူ့အားဆိုသည် -
" မင်းက တံငှာသည်ပဲ ! "
" ခင်ဗျား ဘယ်... ဘယ်လိုသိတာလဲ ?
ကျုပ်ကိုယ်ပေါ် လျှာနဲ့လျက်ပြီး အရသာခံလိုက်ရုံနဲ့ အဲ့လိုသိနိုင်တာလား ? "" မင်းကြီးတော်ကြီးပဲ အရသာသွားခံ !
ငါက ခွေးလား အရသာခံရအောင် "" အခုပဲ ခင်ဗျား ကျုပ်ရင်ဘတ်ကို ကိုက်ပြီး လျက် ..."
" တိတ်စမ်း ! "
ဂျောင်ကုက သူ့ကိုယ်သူတောင် မသိလိုက်ပဲ နာခံစွာ ပါးစပ်ကလေးကို ချက်ချင်းပိတ်လိုက်မိသည် ။
" ............. "
" ငါကြီးမြတ်တဲ့အရှင်သခင်ကို ပေါ့ပျက်ပျက် လာမဆက်ဆံနဲ့ ! "
YOU ARE READING
" The angry Red God & His Fisherman "
Fanfictionဂျီမင်း × ဂျောင်ကု { Halloween special 🎃 } စံအိမ်တော်ကြီးထဲမှာ ပိတ်မိနေတဲ့ နတ်ဆိုးကြီးက ကျွန်တော့် အသည်းကို စားချင်လို့တဲ့ ! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ကျွန်တော့် အသည်းရော နှလုံးအိမ်ထဲမှာပါ ခင်ဗျားရှိနေတာ စားလိုက်ရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်စ...