ဘူဆန်သွားရန် မနက်စောစော အိမ်ကိုရောက်လာတဲ့အတွင်းရေးမှုး.. လေယာဥ်နဲ့ပဲသွားမှာကြောင့် အတွင်းရေမှုးကို လေယာဥ်ကွင်းကိုကားနဲ့လိုက်ပို့ရန်ခေါ်ထားခြင်းဖြစ်သည်..
" ကိုကို အစားကိုသေချာစားပါ ပြီးတော့ အလုပ်တွေအများကြီးမလုပ်ရဘူး ပြီးတော့ ကျန်းမာရေးဂရုစိုက် ပြီးတော့ ကျွန်တော်စီဖုန်းဆက် ပြီးတော့ ကျွန်တော်ကို အချိန်တိုင်းသတိရနေ ပြီးတော့ ကျွန်တော်ကိုညတိုင်း Video call ခေါ်ရမယ် ပြီးတော့ ...."
Jeon ပြောသမျှကိုလက်ကလေးပိုက်လို့နားထောင်နေတဲ့ Kim ပြီးတော့ဆိုပြီးရပ်သွားတဲ့ Jeon ရဲ့ ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ကာ နှုတ်ခမ်းလေးကိုအနမ်းပေးလိုက်သည်..
" ပြီးတော့ ကျွန်တော်ကိုနမ်းပါ ဟုတ်တယ်မဟုတ်လား "
" ဒါပေါ့ "
" ဒါဆို ကိုကိုသွားတော့မယ် "
" လေယာဥ်ကွင်းထိလိုက်ပို့မလို့ပါဆို တီးလုံးဆရာကလည်း ဒီနေ့မှဗျာ "
" ရပါတယ်ကောင်လေးရဲ့ ကိုကိုသွားတော့မယ် ကောင်လေးမှာသလိုပဲ ကျန်းမာရေးဂရုစိုက် အိမ်ကိုစောစောပြန် အစားကိုသေချာစား ဒီလိုမှမဟုတ်ရင် သမ္မတကြီးနဲ့သွားနေပါလား "
" နေပါဘူး ကိုကို နဲ့တူတူအိပ်တဲ့အိပ်ယာမှာ ကိုကို အနံ့လေးတွေရှိနေတာအလွမ်းပြေပေါ့ "
Jeon ရဲ့ သဲကဲပိုပြနေတာကို ပြုံးကာနားထောင်နေတဲ့ Kim..စကားအရမ်းတက်တဲ့ Jeon ကိုထပ်မှန်အနမ်းလေးပေးပြီး အိမ်ပေါ်ကနေတူတူဆင်းလာခဲ့ကြသည်..
" ကိုကို "
" အင်း "
" ဟို CEO ရဲ့ဖုန်းနံပါတ် ကျွန်တော်ကိုပေးလို့ရမလား"
" Hoseok Hyung ရဲ့ဖုန်းလား အင်း ရော့ ဒီမှာ "
Kim သူ့ရဲ့ဖုန်းထဲကနေပြလိုက်တဲ့ နံပါတ်ကို သူ့ရဲ့ဖုန်းထဲရိုက်ထည့်လိုက်ပြီး Kim ရဲ့ပါးလေးကိုအနမ်းပေးလိုက်သည်..ကားပေါ်တက်သွားတာတောင် တံခါးပေါက်ကနေအနမ်းပေးလို့ နှုတ်ဆက်လို့မပြီးသေးတဲ့ သဲသဲကဲကဲလင်နှစ်ယောက်ကြောင့် အတွင်းရေးမှုး မျက်နှာထားစရာနေရာမရှိ ဖြစ်နေသည်..
