Part 3 U

12 0 0
                                    

ဆယ်ပြည်ထောင်သော မင်းတို့ကို ခေါ်ယူ၍ .. ဧကရာဇ် နန္ဒရာဇာ သည် အရေးကြီးသော နံနက်ခင်းညီလာခံ ကျင်းပပြုလုပ်နေသည်။ ညီလာခံ ခန်းမဆောင်၏ အရှေ့ဘက်ရှိ မဂ်လဇေတဝန် ဆောင်တော်ထဲတွင် ... ငွေအိုရောင်ဆံကေသာများနှင့် လုလင်ပျို တစ်ဦးသည် ဗျက်စောင်းကို ကျွမ်းကျင်စွာ တီးခတ်နေလေသည်။

အနီးအနားရှိ ခစားနေကြကုန်သော နန်းတွင်းသူများသည် သာယာသော ဗျက်စောင်းအသံကို စီးမျောခံစားရင်း ထိုလုလင်ပျိုကိုလည်း တိတ်တခိုး ငေးကြည့်နေကြသည်။ ထိုအချင်းအရာကို မြင်သော အမျိုးသားကောင်းတစ်ယောက်သည် အံကိုကြိတ်.... လက်သီးကို ဆုတ်၍ ခြေလှမ်းကျဲကြီးများဖြင့် ဗျက်စောင်းတီးနေသော လုလင်ပျိုထံပါး ချဉ်းကပ်လာသည်။

" ဒီလောက် တီးနေရတာ မောရောပေါ့ .. ရော့ .. ရေသောက်လိုက်ဦး .. "

" ဟင် .. "

ကြာငယ် စကားသံကြား၍ မော့ကြည့်လိုက်ရာ သူ့ကိုကြည့်၍ပြုံးနေကာ ရေတစ်ခွက် ကမ်းပေးနေသော အရှင် ..။ ဘေးဘီဝဲယာကို ခေါင်းငဲ့၍ ဝေ့ကြည့်လိုက်ရာ အနားမှာ ခစားနေကြသည့် နန်းတွင်းသူများ တစ်ယောက်တစ်လေတောင် မရှိတော့ ...။

" အရှင် .. "

" အင်း .. ပြီးမှမေး .. ရေအရင်သောက်လိုက် .. "

ကြာငယ် သည် သူကမ်းပေးသော ရေကို တစ်ကျိုက်ထဲနှင့် မော့သောက်ပစ်သည်။ ရေကန်မှာ မျောနေ၍ သူကယ်လာသော လုလင်ပျိုသည် ကိုယ့်အမည်နာမ ကိုယ်မမှတ်မိသောကြောင့် သူကပဲ .. အမည်ပေးခဲ့သည်။ သူ ကြာငယ် လို့ နာမည်ပေးတော့... ကြာငယ် သည် မေးခွန်းထုတ်သည်။

" ဘာလို့ .. ကျွန်တော်မျိုးကို .. ကြာငယ် .. လို့ အမည်ပေးတာလဲဟင် .. အရှင် .. "

ဒီအခါ သူ့အဖြေက ရှင်းပါသည်။ ကြာမျိုးငါးပါးအလယ်မှာ မင်းမူနိုင်သည်အထိ လှပကျော့ရှင်းနူးညံ့သောကြောင့် ကြာငယ်လို့ပင် အမည်နာမ ပေးခဲ့မိသည်။ ထို့သို့အခါ ရှက်ဟန်ပြုသွားသော လုလင်ပျိုလေးသည် ကြာငယ် ဆိုသော အမည်နာမကို တတွတ်တွတ်ရွတ်၍ သဘောကျ ပြုံးနေပုံသည် သူ့မျက်လုံးထဲတွင် ရက်ပေါင်း ခြောက်ဆယ်ကျော် ကြာသည်အထိ မေ့ပျောက်မသွားပေ ..။

သစ္စာဖြင့်သာ စီရင်စေWhere stories live. Discover now