Part 4. Uni

8 0 0
                                    


သီရိဝုဒ္ဓိတိုင်းပြည် တွင် ဘိသိက်သွန်း အခမ်းအနား ကျင်းပရန် ပြင်ဆင်ကြ၏။ ဤတွင် ဘိသိက်တော်ဆက် အပျိုစင် သို့မဟုတ် အပြစ်ခြောက်ပါး ကင်းစင်သည့် လုလင်ပျို ကိုရွှေးချယ်ရေးကိစ္စ ပေါ်ပေါက်လာတော့သည်။ ထုံးတမ်းစဥ်လာအရ ဘိသိက်တော်ဆက်မည့် ပုဂ္ဂိုလ်သည် ဘိသိက်ပန်းများ ထည့်ထားသည့် နဝရတ်ကိုးပါးစီခြယ်ထားသော ရွှေဖလားကို ကိုင်ဆောင်ရမည်။

ဤသို့သော် အပျိုစင် သို့မဟုတ် လုလင်ပျို မျိုးကို တိုင်းပြည်တွင်း ရှာဖွေ၏။ မတွေ့  ။ထိုအခါ မယ်မယ်ကြီးနှင့် မိဖုရားကြီးဒေဝီရတနာ တို့မှာ ဒုက္ခများကြရသည်။ ဒေဝီ စဥ်းစား၏။

အကြံရပေပြီ  ..။

" သမီးတော် အကြံရပြီ မယ်မယ်ဘုရား  .. "

ထိုသို့နှင့် သူမ အကြံများကို မယ်မယ်ကြီး အား လျှောက်တင်လေသည်။ သူမ၏ အကြံဉာဏ်မှာ ကြာငယ် ကို သဘောကြိုက်သည်။ ထို့နောက် မယ်မယ်ကြီးနှင့် သူမ ရှေ့တော်မှောက်ထံပါး အခစားဝင်စေသည်။ ကြာငယ် သည် အပြစ်ခြောက်ပါး ကင်းစင်၏။ အကျင့်သိက္ခာ ကောင်းမွန်၏။ ကောင်းခြင်းငါးသွယ်နှင့် တင့်တယ်လှ၏။ သို့နှင့် ကြာငယ် ကို ဘိသိက်တော်ဆက် လုလင်ပျိုအဖြစ် ရွေးချယ်လိုက်တော့သည်။

ဘိသိက်သွန်း အခမ်းအနားကျင်းပမည့်နေ့သို့ တိုင်ခဲ့ပြီ။ ရွှေနန်းတော်ကြီးအတွင်း စစ်အဂ်ါလေးပါးကို ခင်းကျင်းထား၏။ မင်းညီမင်းသား၊ မြို့စား၊ နယ်စား၊ မှူးမတ်များ၊ သူဌေးသူကြွယ်များ ဝတ်ကောင်းစားလှဖြင့် မြူးမြူးကြွကြွသွားလာ လှုပ်ရှားလျက်ရှိသည်။ မဂ်လာမဏ္ဍပ်တွင် နေပြောက်မထိုး ရွှေဖျင်၊ ငွေဖျင်တို့ဖြင့် မိုးကာထားသည်။ မဏ္ဍပ်တွင်း၌လည်း သီးမျိုးစုံ၊ ပန်းမျိုးစုံဖြင့် တန်ဆာဆင်ထား၏။

ဧကရာဇ်နန္ဒရာဇာ နှင့် မိဖုရားကြီးဒေဝီရတနာ တို့ အနီးတွင် ဘိသိက်တော်ဆက် လုလင်ပျို ကြာငယ် ခစားလျက်ရှိ၏။ သူ့လက်ထဲတွင် ဘိသိက်တော်ရေစင်နှင့် ဘိသိက်တော် ပန်းများထည့်ထားသည့် ရတနာကိုးပါးစီ ရွှေဖလား...။ ဖြူဝင်းသော အသားရောင်နှင့် ရွှေဝါရောင်ဝတ်စုံသည် သူ့အလှကို ပေါ်လွင်စေလေသည်။

သစ္စာဖြင့်သာ စီရင်စေWhere stories live. Discover now