အခန္း(၁၀)

1.5K 97 39
                                    

Unicode

ကောင်းမြတ်ခြေလှမ်းတွေကို အရှိန်တင်ကာ ခပ်သုတ်သုတ်လျှောက်မိသည်။ မလာလောက်တော့ဘူးထင်ထားပေမဲ့လည်း ထပ်မံ၍ရောက်ရှိလာသော ဧည့်သည်များအား ကြိုဆိုချင်စိတ်ရှိမနေ။

အနောက်ကနေခေါ်သံသဲ့သဲ့ထွက်လာ၏။

"သား"

"သည်းညှာ.."

နာမည်များကို အော်ခေါ်လျက်။
အချစ်ဆုံးလူဆီမှထွက်လာသော မကြားချင်ဆုံးနာမ်စား။ လမ်းထိပ်ကနေအခုထိ အနောက်ကနေပြေးလိုက်လာသော ထိုအမျိုးသမီးကိုလှည့်မကြည့်ဖြစ်။

သည်းညှာရဲ့လက်ကို တင်းနေအောင်ကိုင်ကာ အိမ်ရှေ့ရောက်တာနဲ့ တစ်ချိုးထဲပြေးဝင်ပစ်လိုက်သည်။ ခြံတံခါးကိုသော့ခတ်ဖို့ မမှီလိုက်။ ညီအကိုနှစ်ယောက် အိမ်ထဲသုတ်ခြေတင်ကာ တံခါးမကြီးအားပိတ်ချပစ်လိုက်၏။

မေမေသည်အိမ်ထဲလိုက်ဝင်လာပုံရပြီး တံခါးအရှေ့ကနေ တကြော်ကြော်အော်ခေါ်ပြန်၏။

"ကောင်းမြတ်..သားရေ..မေမေ့ကိုတံခါးဖွင့်ပေးဦး၊ မင်းအဲ့လိုလုပ်လို့မရဘူးလေ"

မေမေသည် လက်မလျှော့သွားဘဲ ပေကာရပ်နေရင်းအပြင်ကနေ ဆူညံစွာအော်နေ၏၊ သည်းညှာရဲ့အခန်းထဲဝင်လိုက်ပြီး တံခါးကိုလော့ချလိုက်ကာ ကျွန်တော်ခါးထောက်၍ မတ်တပ်ရပ်နေမိသည်။ ရင်အစုံကမောဟိုက်နေပြီး နိမ့်ချည်မြင့်ချည်။ ဒီနေ့လွတ်အောင်ပြေးနိုင်ခဲ့ပေမဲ့ နောက်နေ့တွေကျရင်ရော။

မေမေသည် အပြင်၌ တံခါးဖွင့်ပေးရန်တောင်းဆိုနေဆဲဖြစ်ပြီး သူမ လာရောက်ရသည့် အကြောင်းပြချက်ကိုသာ ထပ်ခါတလဲလဲပြောဆိုနေခဲ့သည်။ ကျွန်တော့်ကြောင့်ဟူ၍ပင်။ ကျွန်တော့်အတွက် သည်းညှာကိုလာခေါ်သည်ဆိုသော စကားမှာလွန်စွာခါးသက်လှ၏။ နားထဲသို့ကန့်လန့်ဖြတ် ဝင်ရောက်လာသော ဓားသွားများအလား။

ကျွန်တော်စိတ်တိုဝမ်းနည်းနေကြောင်း သည်းညှာက သိနေသည့်အလျောက် ကျွန်တော့် လက်ကောက်ဝတ်ကို လက်ကလေးများဖြင့် ဆုပ်ကိုင်လာသည်။ အသိနှင့်သတိ ပြန်ကပ်လာရပြီး လှည့်ကြည့်လိုက်တော့ သည်းညှာကြောက်ရွံ့နေ၏။

ရင်ထဲကအသည်းညှာ  / ရင္ထဲကအသည္းညႇာ (Ongoing)Where stories live. Discover now