အခန်း(၁၃)

998 107 27
                                    

Unicode

နောက်ဆုံးတွင်တော့ သည်းညှာရဲ့ ပထမဆုံးသော ရာသီသွေးစက်ဝန်းဟာ ပြီးဆုံးသွားခဲ့၏။ ငါးရက်ခန့်ကြာမြင့်ခဲ့သော ထိုခဏလေးတွင် ကျွန်တော်ရော ဘုန်းလရောင်ပါ အလုပ်တွေရှုပ်ခဲ့သလို မသိမသာလည်း အရိပ်တကြည့်ကြည့်နဲ့ စိတ်လှုပ်ရှားခဲ့ကြသည်ပင်။

သင်္ကြန်တွင်းတစ်တွင်းလုံး သည်းညှာကိုရေအထိမခံဘဲ အိမ်ထဲဖွက်ထားရင်း ကျွန်တော်ပါအပြင်ကိုမထွက်တော့။ အကဲပိုတယ်ပဲဆိုဆို သဲတယ်ပဲပြောပြော ဒါဟာကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသပုံပေမို့။

နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော်နဲ့ ဘုန်းလရောင်က အိမ်ရှေ့ဝယ် အလှူလေးတစ်ခုလုပ်ချင်သည်။ လေးလပိုင်းတစ်ရက်နေ့ဟာ သည်းညှာရဲ့မွေးနေ့ဖြစ်ပြီး ထိုရက်ကမွေးနေ့ပွဲလေး သေချာမလုပ်ပေးလိုက်ရပါပေ။
ယောင်္ကျားလေးနှစ်ယောက်ထဲမို့ အများကြီးလက်ဝင်မည့်အရာမျိုးလည်း မလုပ်ချင်။ သည်းညှာဘာစားချင်လဲမေးလေတော့ "ကြာဇံချက်" တဲ့လေ။

သည်လိုနဲ့ သည်းညှာလက်ကိုဆွဲပြီး ကျွန်တော်ဈေးကို ရောက်လာခဲ့သည်။ ဈေးရုံကြီးနဲ့ ဘတ်စ်ကားတစ်မှတ်တိုင်ကွာဝေးတာမို့ ကားပဲစီးလာခဲ့၏။
နှစ်ဆန်းတစ်ရက်နေ့ရဲ့ မနက်စောစော၆နာရီလောက်ထဲက ဈေးရုံကြီးထဲမှာ လူပြည့်နေခဲ့ပြီပင်။ သည်းညှာက အဝါရောင်ကော်လံရှပ် လက်တိုလေးဝတ်ဆင်ထားပြီး ဒူးဖုံးဘောင်းဘီအပွလေးနှင့်ဖြစ်သည်။ ကျွန်တော်ကတော့ ပုဆိုးကိုသပ်သပ်ရပ်ရပ်ဝတ်ထားပြီး သည်းညှာနှင့်တံဆိပ်တူ ကော်လံရှပ်ကိုပဲ အစိမ်းပုပ်ရောင်ဝတ်ထားခဲ့သည်။

အပြင်ထွက်တိုင်း သည်းညှာနဲ့အင်္ကျီဆင်တူလေးတွေ ရွေးဝတ်တတ်သည့် ကျွန်တော့်အကျင့်ကို ကျွန်တော်ကိုယ်တိုင်လည်းပြင်မရပါပေ။

ဘုန်းလရောင်က ထသွားထလာလည်စွပ်အင်္ကျီကိုပဲ ဂျင်းဘောင်းဘီနှင့်တွဲဝတ်ထားပြီး ဈေးခြင်းတောင်းကြီးကိုင်ကာ ဘေးတွင်ပါလာ၏။ ဝင်ပေါက်၁ကနေဝင်လိုက်ပြီး ဈေးရုံအပြင်ဘက် အတန်းတွင် ကြာဇံချက်အတွက် လိုအပ်သည့် ကြက်သား အသားနှင့်ခြေထောက် တောင်ပံရိုးများအရင်ဝယ်သည်။

You've reached the end of published parts.

⏰ Last updated: Jan 22 ⏰

Add this story to your Library to get notified about new parts!

ရင်ထဲကအသည်းညှာ  / ရင္ထဲကအသည္းညႇာ (Ongoing)Where stories live. Discover now