အခန္း(၁၁)

1.2K 106 32
                                    

Unicode

ကျွန်တော်ထင်လိုက်တာဟာ ကွမ်းတံတွေးကွက် သို့မဟုတ် တစ်ခြားအစွန်းအပေတစ်ခုဟူ၍ပင်။ အိမ်ပြန်ရောက်မှ တွေ့ကရာနေရာလျှောက်မထိုင်ဖို့ ပြောရမယ်ဆိုပြီး ကျွန်တော်ဒီအတိုင်းလွှတ်ထားလိုက်မိသည်။

ခြံထဲဝင်ဝင်ချင်းပဲ ခြံထဲက အင်္ကျီတန်းမှာ အဝတ်တွေလှန်းနေတဲ့ ဘုန်းလရောင်က သည်းညှာကို ခေါင်းလည်အောင်လိုက်ကြည့်သည်။ ပြီးနောက် အသံနက်ကြီးနဲ့အော်ကာ သည်းညှာအနောက် ပြေးလိုက်သွားတော့၏။

"ဟာ! သည်းညှာ!"

"ဟေ့ကောင် ဘာဖြစ်လို့လဲ"

ကျွန်တော့်အမေးကိုပင်ပြန်မဖြေ။ သည်းညှာအနား အူယားဖားယားပြေးသည်၊ သည်းညှာလည်းလန့်သွားပုံပေါ်ကာ မျက်လုံးပြူးလေးဖြင့် ကျွန်တော့်ကိုအားကိုးတကြီး လှမ်းကြည့်၏။

"ကလေးလေးရာ..ကိုကိုထင်တာတော့ မဟုတ်ဘူးမလား"

ဘုန်းလရောင်က မတ်တပ်လေးရပ်နေတဲ့ သည်းညှာရဲ့ တင်ပါးတစ်ဝိုက်ကို သူ့အပေါ်ထပ်ကွက်စိတ် အင်္ကီျိလေးချွတ်ကာပတ်ပေးလာသည်။ ပြီးနောက်ကျွန်တော့်ကို မျက်စောင်းခဲကြည့်၏။

"ငါ့ကိုဘာလို့အဲ့လိုကြည့်နေတာလဲ"

ကျွန်တော် ယောင်တောင်တောင်ဖြစ်သွားရပြီး သည်းညှာအနားတိုးသွားလိုက်ကာ သူပတ်ထားတဲ့အင်္ကျီကို ဆွဲဖြုတ်ဖို့လုပ်မိသည်။ ဘုန်းလရောင်က ကျွန်တော့်လက်ကိုဖြတ်ရိုက်ချလိုက်ပြီး

"သည်းညှာတင်ပါးမှာ သွေးကွက်ကြီးမင်းမမြင်ဘူးလား! ကလေးကိုတစ်လမ်းလုံး မင်းအဲ့လိုလျှောက်ခိုင်းထားတာလား"

"ဘာတွေလာပြောနေတာလဲ သည်းညှာကဘာကိစ္စ သွေးကွက်တွေ ပေနေရမှာလဲ"

ထူးထူးဆန်းဆန်း ဘုန်းလရောင်က တရှူးရှူးနဲ့ ဒေါသတွေထွက်လာပြီး ကျွန်တော့်လက်ပြင်ကို အုန်းခနဲချသည်။

"ဘာဖြစ်နေတာလဲ နာတယ်ကွ!"

"အခုချက်ချင်း သည်းညှာကို အဝတ်သွားလဲခိုင်း! ပြီးရင် ပုဆိုးနဲ့အတွင်းခံတွေ ကော်ဇလုံထဲထည့်ထား ငါပြန်လာရင်လျှော်မယ်၊ သည်းညှာကို ချောင်ချောင်ချိချိဘောင်းဘီလေးတွေပဲ ဝတ်ခိုင်း၊ အကိုလုပ်နေပြီးဘာမှကိုအသုံးမကျဘူး"

ရင်ထဲကအသည်းညှာ  / ရင္ထဲကအသည္းညႇာ (Ongoing)Where stories live. Discover now