Unicode
"မင်းဘယ်တော့မှ ငါတို့ကလေးကို ခေါ်လာမှာလဲ"
"အခုမှ ရှင်အသည်းအသန်ဖြစ်မနေပါနဲ့ ကျွန်မကြိုးစားနေပါတယ်၊ လောလောဆယ် ကောင်းမြတ်က အတွေ့ခံတာတောင်မဟုတ်ဘူး၊ သည်းညှာကလည်းကျွန်မနဲ့ လိုက်မှာမဟုတ်ဘူး"
အဖြူရောင် carnival ကားကြီးထဲတွင် လူနှစ်ယောက်ငြင်းခုန်နေခဲ့၏။ မောင်းသူနေရာတွင် ထိုင်နေသာ အသက်ကြီးကြီးအမျိုးသား၏ မျက်နှာထက်စိုးရိမ်ပူပန်ခြင်းတွေပြည့်နေကာ မြင်တွေ့နေရသော အိမ်လေးဆီတကြည့်ကြည့်။
"ယောင်္ကျားတွေချည်းပဲရှိတဲ့အိမ်မှာ ငါ့ကလေးကနေနေရတယ်၊ မင်း သားကယုံလို့ရလို့လား၊ သူ့အဖေလိုအချိုးမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
"ရှင်တော်တော့! သားကြီးက အဲ့လူနဲ့မတူဘူး ကလေးကိုသူဘယ်လောက်ထိတောင် ဂရုစိုက်ပေးလိုက်သလဲ၊ သူဂရုစိုက်ပြီးပိုးမွေးသလိုမွေးလို့ သည်းညှာကောင်းကောင်းမွန်မွန် အရွယ်ရောက်လာတာ၊ ရှင်ပရမ်းပတာမပြောနဲ့"
"အေး မင်းသားအကြီးကအဲ့လောက်တောင် အကိုပီသနေတယ်ဆိုရင်တောင် ဟိုနောက်တစ်ကောင်ကရော သူကလည်း ငါ့ကလေးနဲ့အတူတူနေနေတယ်လေ၊ သည်းညှာက ယောင်္ကျားရော မိန်းမရော နှစ်မျိုးလုံးဆိုတာ မင်းသိရဲ့သားနဲ့!"
ဦးကိုကိုနိုင် ပြောနေသည်မှာ ဘုန်းလရောင်ဖြစ်၏။ ဘုန်းလရောင်အကြောင်းကိုတော့ သေချာမသိသည်မို့ ဒေါ်သင်ဇာငြိမ်သွားရပြန်သည်။ မိုးသည်းညှာလေးသည် အမေရိကန် မြန်မာ ကပြား ကိုကိုနိုင်နှင့် ရခဲ့သောကလေးဖြစ်ပြီး စကားပြန်တစ်ယောက်ဖြစ်သည့် သူမနှင့်ကိုကိုနိုင်တို့ လုပ်ငန်းခွင်၌ပင် ချစ်ကြိုးသွယ်ခဲ့ကြတာဖြစ်၏။ ထိုကာလ၌ သူမဟာ ကောင်းမြတ်ရဲ့အဖေနဲ့ မကွာရှင်းရသေးသည့်အတွက် ဖောက်ပြန်နေခဲ့ခြင်းသာ။ အလုပ်ကိစ္စခရီးတွေထွက်ရတိုင်း သူနှင့်ကိုကိုနိုင်တို့ ပိုမိုနီးစပ်လာခဲ့ပြီးနောက် သည်းညှာကိုကိုယ်ဝန်ရခဲ့သည်။
ကိုကိုနိုင်က ဘန်ကောက်ကိုပြောင်းမိန့်ကျလာတော့ သူမလွမ်းတဲ့ဒဏ်မခံနိုင်၍ သည်းညှာကိုထားကာ လိုက်သွားခဲ့၏။ မကြာလိုက်သည်းညှာလေးကိုပါ ခေါ်ဖို့တွေးမိပြန်သည်။ ကောင်းမြတ်ရဲ့အဖေနဲ့ အိမ်ထောင်ရေးကလည်း အခြေအနေဆိုးလာပြီး ကွာရှင်းဖို့အထိဖြစ်လာပေမဲ့ ကွာမပေးသူကြောင့် ရှေ့မတိုးသာနောက်မဆုတ်သာ။
![](https://img.wattpad.com/cover/365685342-288-k926740.jpg)
YOU ARE READING
ရင်ထဲကအသည်းညှာ / ရင္ထဲကအသည္းညႇာ (Ongoing)
Romanceအသည်းဖျားမှ ချစ်စကားများ နူးည့ံထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။ အသည်းဖျားမှ ချစ်စကားများ နူးညံ့ထိရှစွာ နှလုံးအိမ်သို့ တိုးတိုက်စေအံ့။