"ယောင်းရေ မပြေးနဲ့"
"ခစ် ခစ်"
"မပြေးပါနဲ့ဆိုကွာ"
"မိအောင်ဖမ်းလေ ကရော် ကရော်"
"ဟိတ် ခဲလုံးတွေ ခလုတ်တိုက်ပြီး ချော်လဲမယ် အငယ်လေးရ"
"လဲ လဲ"
ထယ်ယောင်း၏ ခြေလှမ်းကလေးများ လေပေါ်လွင့်နေသည့်နှယ် ပေါ့ပါးသွက်လက်နေသည်။ဟိုး အရှေ့ဆီမှာ မြင်နေရသည်က တောင်တန်းတောင်စွယ်တွေ၊နောက်ပြီး ထယ်ယောင်း၏ ဗလာကျင်းသော ခြေဖ၀ါးနုနုအောက်တွင် မြက်ပင်နုနုစိမ်းစိမ်းကလေးများ ရှိသည်။ဘေးပတ်လည်တွင် စိန်ခြယ်ခင်းကြီး၊ပန်း၊ခရမ်း၊ပြာ၊နီ၊ဝါ၊လိမ္မော်၊ဗေဒါ အိုး ရောင်စုံခြယ်သော ပွင့်ဖတ်ကလေးများ ကွင်းလုံးပြည့် လေသိမ်းရာအတိုင်း ယိမ်းနွဲ့နေကြသည်များ။လိပ်ပြာရောင်စုံကလေးတွေလည်း ရှိမည်။အရွယ်အစား ဆိုဒ်စုံ။ဟော အဲသည်က လွန်ရင် ချောင်းကလေး ရှိသေးသည်ပဲ။ဟိုးဘက်မှာက ရေတမာ၊မာလကာနဲ့ သရက်တန်းကြီးတွေလည်း ရှိသေးသည်။အိုး မကြုံစဖူး ထူးလွန်းလို့ ထယ်ယောင်းမှာ ဒီအိပ်မက်ကလေးထဲက မထွက်ချင်ပါဘူး။
"ငယ်လေး...ကိုကို့ကို စောင့်ပါအုံးကွာ"
"အိုး လွှတ်ပါ၊စောင့်ချင်ပါဘူး၊ယောင်းဘာသာ လွတ်လွတ်လပ်လပ် နေပါရစေ"
ပြေးနေရင်းမတ်တတ် လက်မောင်းရင်းက ဆောင့်ဆွဲအတားခံလိုက်ရတော့ ထယ်ယောင်းစိတ်ကလေး တို၀င်သွားသည်။အမြဲတိုင် ဒီနေရာကို ထယ်ယောင်း ရောက်လာတိုင်း ဒီပုဂ္ဂိုလ်ဟာ ပေါ်ပေါ်လာတတ်တာ။ပြီးတဲ့အခါ လက်မောင်းကို လာဆုပ်ဆွဲပြီး တားနေကျ။အမြဲ သူ့ကြောင့်သာပဲ မက်နေဆဲ ထယ်ယောင်း အိပ်မက်ကလေး ပျက်ပြယ်သွားတတ်တော့ စိတ်တိုတိုနှင့် ရုန်းဖယ်ပစ်လိုက်သည်။
"အ"
ခပ်တိုးတိုးအော်သံကြားပြီး နောက်လှည့်ကြည့်တော့ သူက မြေပေါ် ပုံလျက်လဲကျနေသည်။ဒီလိုကျ ထယ်ယောင်းအနေနှင့် သနားစိတ်ကလေး ၀င်ရပြန်၏။
"ထ၊ခင်ဗျားက အမြဲ ကျွန်တော့်ကိုဆို ဘယ်တော့မှ လွတ်လွတ်လပ်လပ် ပေးမနေဘူး"
YOU ARE READING
အတိတ်၏ရနံ့
Fanfictieမပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်... လူသုံးဦးကြားက ချစ်ခြင်း....