🐯Chapter 40
ကုယွီမြန် လတ်တလောရှာဖွေမှုခေါင်းစဥ်တစ်ခုကို နှိပ်လိုက်သည်။ ထိပ်ဆုံးရှိကြီးမားသောပုံကြီးမှာ ဂလက်ဆီမျှော်စင်အဆောက်အဦး၏ အပြင်ဘက်တွင် သူမြင်ဖူးခဲ့သော ပုံပင်ဖြစ်သည်။ ကောင်းငယ်လေး 'ဒန်နီ' က ကိုးနှစ်သားအရွယ် ကလေးလေးဖြစ်ပြီး သူ့မျိုးနွယ်မှာ
ပန်ဒါ ဖြစ်နေခဲ့သည်။
ပိုစတာဓာတ်ပုံအပြင် ကောအာရှစ်စစ်၏တိရစ္ဆာန်ပုံစံဖြင့် ဓါတ်ပုံလည်းပါရှိသည်။ သူက နူးညံ့သောခြေသည်းများနှင့် လုံးဝိုင်းကာရိုးရှင်းသော အသွင်အပြင်ရှိသည့် နှစ်နှစ်သားခန့်အရွယ်ရှိ ပန်ဒါတစ်ကောင်နှင့်တူပေသည်။ ကောအာရှစ်စစ်က ဝါးချောင်းတစ်ချောင်းကို ကိုင်ကာ ကင်မရာထံသို့ကြည့်နေသည်။ နေ့လယ်စာစားချိန်တွင် ပရိသတ်များ သူ့ကို တိတ်တဆိတ် ဓာတ်ပုံရိုက်ထားပုံရသည်။
" ချစ်ဖို့ကောင်းတယ်…"
သူက တိရစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်ပေးသူတစ်ယောက် ဖြစ်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ဤနူးညံ့သော အဖြူအမည်းဘောလုံးလေးများနှင့်ပတ်သက်လာလျှင် ကုယွီမြန်တွင် ခုခံနိုင်စွမ်းအားမရှိသေးပေ။ ကောအာရှစ်စစ်၏ ချစ်စရာကောင်းမှုက သူ့မိသားစုထဲမှ ရွှယ်ထွမ်နှင့် ထန်ယွမ်တို့ကဲ့သို့ တူညီလုနီးပါးပင်။ ဤခေတ်က ပန်ဒါများမှာ ခြွင်းချက်မရှိ အချစ်ခံရသော ကမ္ဘာပေါ်မှ ဝဝတုတ်တုတ်အကောင်လေးများနှင့် နှိုင်းယှဥ်လျှင် သာလွန်လှပေ၏။ထန်ယွမ်အပြင် ကောအာရှစ်စစ်က ဤကမ္ဘာပေါ်တွင် သူမြင်ခဲ့ဖူးသော ဒုတိယမြောက်ပန်ဒါပင်ဖြစ်သည်။ သူတို့က ဆွေမျိုးများပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
"အဲဒါကြောင့်ပဲ သူတို့တွေမှာ ဆင်တူတဲ့မျက်ခုံးတွေနဲ့မျက်လုံးတွေရှိနေတာပေါ့…"
ကုယွီမြန် သူ့ကိုယ်သူပြောလိုက်သည်။မည်သို့ပင်ဆိုဆို ကုယွီမြန်က ကမ္ဘာမြေမှ သာမန်လူတစ်ယောက်ဖြစ်သည်။ အချိန်အတော်ကြာအောင်ရှာပြီးနောက် ကောအာရှစ်စစ်၏ အကြည်လင်ပြတ်သားဆုံးဓါတ်ပုံတစ်ပုံကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့အပြင် သူ၏အကောင်ပေါက်အခြေအနေမှ သူ၏နှစ်နှစ် သို့မဟုတ် သုံးနှစ်သားပုံစံသို့ ပန်ဒါ၏အသွင်သဏ္ဍာန်ပြောင်းလဲမှုက အလွန်ကြီးမားသည်။ ထို့ကြောင့် ဤအချိန်တွင် ကောအာရှစ်စစ်က သူ့အကောင်ပေါက်ပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်းကို ကုယွီမြန် မစဉ်းစားမိခဲ့ပေ။
YOU ARE READING
ကြယ်တာရာခေတ်မှာ liveလွှင့်ရင်း သားပေါက်လေးတွေ ပျိုးထောင်မယ်
FantasyThis is not my own story